'အန်တီ'
မှန်တင်ခုံမှာထိုင်ရင်းလက်ဝတ်လက်စားတွေချွတ်နေတဲ့ အသစ်စက်စက်ဇနီးသည်ကို နှိုင်း လှမ်းခေါ်လိုက်သည်
'ဘာလဲ'
'နှိုင်း ကူချွတ်ပေးရမလား'
နှိုင်းဆီကိုတည့်တည့်မတ်မတ်ရောက်လာတဲ့မျက်စောင်း
'လက်ဝတ်စားတွေကိုပြောတာပါ အန်တီချွတ်ရတာခက်ခဲနေတယ်ထင်လို့'
'မခက်ခဲဘူး dinner party တုန်းကမင်းနဲ့အတူရယ်မောနေတဲ့ကလေးမတွေကိုသာသွားချွတ်ပေးလိုက်'
'ဟော'
အန်တီဦး ဘာလို့စိတ်ကောက်နေမှန်း နှိုင်းအခုမှသိတော့သည်
'ဟော နှိုင်းရဲ့မိန်းမကနှိုင်းကိုစိတ်ကောက်နေတာကို'
'မထိနဲ့'
လေသံမာမာနဲ့ပြောတာမို့ နှိုင်းလက်တွေအန်တီဦးကိုဖက်မယ်လုပ်ထားကာမှလေထဲရပ်တန့်သွားရသည်
'အန်တီကလဲ'
'မလဲဘူး သွား တို့နဲ့ဝေးဝေးမှာနေ'
'ဟုတ်'
နှိုင်းအင်္ကျီလဲကာကုတင်ပေါ်မှာလှရင်းစောင့်နေခဲ့တယ်
မကြာပါ အန်တီရယ် ညအိပ်ဂါဝန်အတိုအပါးလေးနဲ့ရေချိုးခန်းထဲကထွက်လာသည် နှိုင်းအန်တီနဲ့အကြည့်ချင်းဆုံအောင်တောက်လျှောက်လိုက်ကြည့်နေပေမဲ့ အန်တီကမငိဟန်ဆောင်ကာကုတင်တစ်ဖက်မှာ နှိုင်းကိုကျောခိုင်းကာဝင်လှဲသည်'ဟို အန်တီ'
'တို့ကိုလာမထိနဲ့လို့ပြောထားတယ်နော်'
'ဟို ဒါမင်္ဂလာဦးညလေ မထိလို့မရဘူးလေ'
'ထိပြီးဘာလုပ်မလို့လဲမင်းက'
'ဟွာလေ'
'ဘာဟွာ'
'အဟွာပြုကြရမယ်လေမင်္ဂလာဦးညမှာ'
'ဘာ အဟွာလဲ'
'အန်တီကလဲ အဟွာ ပါဆို'
'မသိဘူး လာမထိနဲ့ အိပ်ပြီ'
'အန်တီကလဲ ပြီးရော ဟွန့်'
ဦး စကားလမ်းကြောင်းနေတဲ့ ဇနီးလေးကိုမသိဟန်ဆောင်နေလိုက်သည် တစ်ဖက်ကဘာမှဆက်မပြောပဲတိတ်ဆိတ်သွားသည်မို့ ဖြေးဖြေးလေးလှည့်ကြည့်မိတော့ သူမလေးကဦးကိုပြန်ကျောပေးကာလှဲနေသည် ဒါ သူကပြန်စိတ်ကောက်သွားတာလား
ESTÁS LEYENDO
သီရိမြိုင်
Romance"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"