EP-5

11K 761 28
                                    

မာမီ သင်ပေးဘူးသည် ကျေးဇူးရှိသူကိုကျေးဇူးဆပ်ရမယ်
မာမီကဟိုတစ်နေ့ကလူနဲ့မတွေ့ဖို့မှာထားပေမဲ့ ထိုလူရဲ့ဖိနပ်တစ်ရံစာ ကြိုးအပေါ်အကြွေးတင်ထားတယ်မလား ဒီတော့ ပြန်ဝယ်ပေးမှဖြစ်မည် မာမီသိရင်တော့မိုးမီးလောင်မယ်ဆိုတဲ့အတွေးနဲ့ဆိုင်ထဲဝင်သွားလိုက်တယ်

'ဘာယူမလဲညီမ'

'မာမီ'

'ဗျာ'

'ယောင်သွားလို့ ယောကျ်ားလေးဖိနပ်လို့ပြောတာ'

'အဲ့လိုပြောပါညီမရယ် ဆိုဒ်ကဘယ်လောက်လဲ'

'ညီမခြေထောက်ထက် ၂လက်မ   ၃ လက်မလောက်တော့ပိုကြီးတယ်'

'ကောင်လေးအတွက်လား'

'မဟုတ်ပါဘူး အသိတစ်ယောက်ကိုအစားပြန်ဝယ် ပေးတာပါ'

'ဒါဆိုဒီဘက်လိုက်ခဲ့ပေးပါ'

'ဟုတ်'

ကြိုးလဲဖိနပ်ထုပ်လေးကိုင်ကာ ဖစ်စစ်မေဂျာဘက်ရောက်ခဲ့တယ်

'ဟဲ့အဲ့တာ ဆေးက စာကြမ်းပိုးမလေးမလား '

'ဟုတ်တယ်'

'ချစ်စရာလေး'

အမြဲ ကျောင်းမှာ စာအုပ်နဲ့မျက်နှာမခွာတဲ့ကြိုးကို ကျောင်းကလူတွေကစာကြမ်းပိုးမလေးလို့ခေါ်ကြတယ်

'ကိုသုခမွန်ရှိလားမသိဘူး'

'ဟျောင့် သုခမွန်မင်းကိုလာရှာနေတယ်'

'ဘယ်သူလဲ'

'နွယ်ကြိုး'

'Wowwwwwww'

'ဘေးဖယ်ကြ'

ကြိုးကိုလူတော်တော်များများကသိကြတယ်  တစ်ယောက်ထဲအေးအေးလေးနေပြီး ရည်းစားအရှုပ်ရှင်းလဲကင်း မာနကင်းတာကြောင့်ပေါ့

'ဒီဘက်ကိုလိုက်ခဲ့ညီမ'

အခန်းရှေ့ကလူတွေဆီနေ ကော်ရစ်တာအစွန်ဘက်ထွက်ခဲ့ကြတယ်

'အခန်းရှေ့မှာပြောလဲရပါတယ်'

'သူတို့တွေ ညီမကိုဝိုင်းစမှာဆိုးလို့ပါ'

စကားပြောနေတဲ့ ကြိုးတို့ကိုချောင်းကြည့်နေကြလေရဲ့

'ဒီမှာပါ ဖိနပ်အစားပြန်လာပေးတာ အသစ်ပါ '

သီရိမြိုင်Where stories live. Discover now