EP-2

12K 824 30
                                    

ကြိုးမနက်တိုင်း ဘုရားသောက်တော်ရေလဲ ပန်းကပ် ဆွမ်းတော်ကပ်အမြဲလုပ်ဖြစ်ပြီး သီရိမြိုင်ကလူတွေအကုန်ကျန်းမာချမ်းသာဖို့နေ့တိုင်းဆုတောင်းဖြစ်တယ်

'အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု'

'ကြိုး မမမြတ်က မနက်စာစားဖို့ဆင်းလာခဲ့ပါတဲ့'

'ဟုတ် ကြိုးအခုလာခဲ့မယ်ပြောပေးနော်'

လက်ထဲကကြေးစည်လေးကိုသူ့နေရာသူပြန်ထားကာ ကြိုး ထမင်းစားခန်းဆီဆင်းလာခဲ့တယ်

'မြေးလေး ဘုရားရှိခိုးတာပြီးသွားပြီလား'

'ဟုတ် ဘွားဘွား'

'တစ်နေ့တစ်နေ့ ငါ့မြေးလေးရဲ့အမျှဝေ သာဓုခေါ်သံကြားရတာ နားဝင်လဲချိုပြီးရင်ကိုအေးလို့
တစ်ချို့ တစ်ချို့တွေဆို အကုသိုလ်တုံးကြီးတွေအလားပဲ'

ကြိုးမှာရီချင်ပေမဲ့ မာမီရှိနေတာကြောင့်မရီနိုင် ခေါက်ဆွဲပန်းကန်ထဲနံနံပင်တွေတွေ့တော့ ကြိုးမျက်နှာအလိုလိုပျက်သွားရသည် *မကြိုက်ပါဘူးဆိုထည့်ထားပေးပြန်ပြီ* ဒါတွေကိုဖယ်ရင်မာမီကဆူဦးမည်
ကြိုး နံနံပင်တွေကိုမသိမသာလေး ဖယ်ဖို့လုပ်နေတော့

'ဘာလို့အရွက်တွေဖယ်နေရတာလဲ'

'ဟို ကြိုး မကြိုက်လို့ပါမာမီ'

'ပိုက်ဆံပေးဝယ်ထားရတာ ဘယ်ဟာမှအလကားမရဘူး စား ခုချက်ခြင်း'

ဟုဆိုကာ ပန်းကန်ထဲနံနံပင်ထဲသူကိုယ်တိုင်ထပ်ထည့်တယ်

'စား'

'မြတ်သီရိဆွေ ညည်းအစားစားချိန်လေးတော့ငါ့မြေးလေးကိုလွှတ်ထားပေးစမ်းပါအေ'

'ငါစားလို့ပြောနေတယ်လေ'

'ဟုတ် ဟုတ်ကဲ့မာမီ'

အမိန့်ပေးသူကပေး ခိုင်းတဲ့အတိုင်းလုပ်တဲ့သူကလုပ်
ဒေါ်မူယာခင်ဒီနေရာတော့သူမစကားတို့းမပေါက်နိုင်တာသိတာမို့ ထမင်းစားခန်းကနေတရွေ့ရွေ့ထွက်ခွာသွားတယ်
ကြိုး မကြိုက်လဲဖျစ်ညှစ်စားလိုက်တယ် နံနံပင်လေးကြောင့်နဲ့မာမီငြိုငြင်တာမခံချင် ခေါက်ဆွဲကိုအတင်းမြိုချနေတဲ့
အရှေ့ကကလေးမကိုကြည့်ကာ မြတ် ပြုံးမိတယ်

သီရိမြိုင်Where stories live. Discover now