EP-25

9.3K 653 14
                                    

ခန္ဓာကိုယ်မှာတင်းကြပ်မှု့ခံစားနေရတယ် လည်တိုင်ကိုလဲလေငွေ့ငွေ့တိုက်ခတ်နေတာခံစားနေရတယ် မျက်လုံးဖွင့်ကြည့်မိတော့ မြတ်ရင်ခွင်ထဲမြတ်ကိုဖက်ကာအိပ်ပျော်နေတဲ့ကြိုး အိပ်ပျော်နေတာတောင်ဖြူစင်လွန်းတဲ့ဒီကလေးပေါက်ကိုမြတ်တကယ် မြတ်နိုးမိပါရဲ့ အိပ်ပျော်နေတဲ့ချစ်ရသူလေးရဲ့ပါးကိုလက်ကလေးနဲ့ခပ်ဖွဖွအုပ်ကိုင်ရင်း

'ကလေးရယ် မင်းကမင်းအမေလိုပါပဲလား'

'မေမေ့လိုတော့မာမီ့ကိုထားသွားမှာမဟုတ်ပါဘူး'

အိပ်ပျော်နေတယ်ထင်ထားတဲ့ကြိုးဆီကအသံထွက်လာတာမို့ မြတ် အံ့သြသွားသည်

'နိုးနေတာလားကြိုး'

'အင်း နိုးနေတာ'

'မေမေ့လို မာမီ့ကိုမထားခဲ့ဘူးလို့ပြောတော့
အကုန်သိသွားပြီလား ကြိုး'

'အင်း တီတီဦးပြောလို့ အကုန်သိပြီးပြီ'

သက်ပြင်းချရင်း မြတ်ကုတင်ပေါ်ကထလိုက်သည် ဒါပေမဲ့ မြတ်ဆက်လျှောက်မသွားနိုင်အောင် ကြိုးကနောက်ကနေခါးကိုဖက်ထားတယ်

'ကြိုးကိုအစတည်းကပြောခဲ့ရင်ဒီလိုတွေဖြစ်မှာမဟုတ်ဘူး ခုတော့ဝမ်းနည်းရပြီ'

'စောစောပြောခဲ့ရင် ကြိုးစောစောဝမ်းနည်းရမှာပေါ့ကလေးရယ်'

'ကြိုးလေ
ခုကစပီးဘယ်တော့မှမာမီ့နားကထွက်မသွားတော့ဘူး'

'တကယ်လား'

'အွန်း ဂတိ'

'တို့တော့မယုံရဲပါဘူး ကြိုးကဂတိပေးပြီး ပြီးတော့တည်တာလဲမဟုတ်ဘူး'

'တကယ် ဒီတစ်ခါတကယ်တည်အောင်လုပ်မှာ'

'သက်သေပြ'

'ဘယ်လိုပြရမလဲ ကောင်းကင်ပေါ်ကြယ်ကိုတက်ခူးပြရမလား
ဒါမှမဟုတ် ဓါးတောင်ကိုကျော်ပြီးမင်းပယ်လယ်တွေဘာညာ ဖြတ်ကျော်ပြရမလား မာမီတစ်ခွန်းသာပြောလိုက် ကြိုး မာမီယုံအောင်သက်သေပြမယ်'

ဘယ်ဘက်ရင်အုံကိုလက်နဲ့ထုပြီးတဆာဆာကြွေးကြော်နေတဲ့ကလေးပေါက်ကို မြတ်အသဲယားကိုရင်ဘက်ထဲဆွဲကာပွေ့ဖက်ထားလိုက်သည်

သီရိမြိုင်Where stories live. Discover now