EP-21

7.8K 569 15
                                    

'ကဲ နှစ်ယောက်သားစကားပြောပြီးရင်လိုက်ခဲ့ကြ'

'ဟုတ် အန်တီ'

မေမေအိမ်ထဲဝင်သွားတော့မှပဲ မြတ် ကိုလတ်ရဲ့လက်ကိုပုတ်ချလိုက်တယ်

'မြတ်ကိုလွှတ် ကိုလတ်'

'ကိုကလဲမင်းအသားကိုသိပ်ထိချင်နေတယ်များထင်နေလား အန်တီရှေ့မှာမို့သာဟန်ဆောင်နေတာ'

နှစ်ဖက်မိဘတွေကြောင့်သာစေ့စပ်ထားကြရတာ တစ်ယောက်နဲ့တစ်ယောက်လုံးဝကြည့်မရကြပေ

' ဒါဆိုလဲ စေ့စပ်ထားတာဖျက်သိမ်းကြရအောင် ကိုလတ်'

'ချစ်သူရှိနေလို့လား'

'တစ်ယောက်နဲ့တစ်ယောက်သဘောလဲမကျဘူး အကျင့်စရိုက်လဲမတူကြဘူး ပြီးတော့ မြတ်မှာ ချစ်သူကတော့မရှိပေမဲ့နှစ်သက်သဘောကျနေရသူရှိတယ်'

'ကို့ဘက်ကနေဖျက်သိမ်းဖို့ကအဆင်မပြေဘူး ဖျက်သိမ်းချင်ရင်တောင်အကြောင်းအရင်းခိုင်ခိုင်မာမာရှိမှဖြစ်မှာ  ကိုတို့တွေက သီရိမြိုင်နဲ့ယှဥ်ရင်လုပ်ငန်းရှင်အသေးလေးတွေပါ
မြတ်အမေလက်ဖျောက်တစ်ချက်မှာ အစနရှာမရအောင်ပျောက်ကွယ်သွားနိုင်တယ်'

'အကြောင်းအရာကိုမြတ်ဖန်တီးမှာမို့ ကိုလတ်ဘက်ကဂတိတည်ပါ'

'မင်းမှာသစ္စာလူမှာဂတိ ငါကယောကျ်ားတစ်ယောက် ဂတိကိုအသက်ထပ်ပိုစောင့်ထိန်းတယ်'
.............
'နွယ်'

'ရှင့်'

'မြတ်ခရီးသွားရမယ် ဘယ်ကိုလဲ ဘာကြောင့်လဲ ဘယ်လောက်ကြာမှာလဲ'

'မေးခွန်းတွေများလိုက်တာ'

'ဖြေမှသာဖြေစမ်းပါ'

'နယ်စပ်ကို အလုပ်ကိစ္စကြောင့် ဘယ်လောက်ကြာမယ်တော့မသေချာဘူး'

'မြန်မြန်တော့ပြန်လာမယ်မလား'

'ဒါပေါ့  မြတ်ကနွယ်နဲ့အကြာကြီးမခွဲနိုင်ဘူး'

ထိုစကားလေးကနွယ့်ကိုတကယ်နွေးထွေးစေရဲ့ ဒါပေမဲ့လဲ မြတ်ရဲ့ခင်ပွန်းလောင်းဆိုသောအရာကိုဒီနေ့ထိနွယ်ခေါင်းထဲကမထုတ်နိုင်​သေးပေ

'မြတ်'

'အွန်း'

'ကိုဇင်ကိုလတ်နဲ့လက်ထပ်မှာလား'

သီရိမြိုင်Where stories live. Discover now