'အမ ဒေါက်တာဒေါ်မြတ်မြတ်ဦးကဘယ်တော့ရောက်မှာလဲ'
'ခဏနေရောက်ပါလိမ့်မယ် အရေးကြီးလို့လားရှင့် အရေးကြီးရင်ဖုန်းဆက်ပေးပါ့မယ်'
'ရပါတယ် အရေးမကြီးပါဘူး စောင့်နေမယ်'
စောင့်နေမယ်သာပြောရတယ် နှိုင်းဟာစောင့်ရတာကြိုက်တဲ့သူမဟုတ်
'ဟိုလေ ဒေါက်တာရောက်တော့မလားဟင်'
'အရေးကြီးရင်ဖုန်းဆက်ခေါ်ပေးမယ်လို့ပြော'
'ရတယ်ရတယ် သူလာတဲ့အထိစောင့်နေပေးမယ်'
နှိုင်းတစ်ယောက် ဆေးခန်းထဲဟိုလျှောက်ဒီလျှောက်နဲ့ယောက်ယက်ခက်နေသည်
'ထိုင်နေပါလားညီမ တစ်ခြားလူနာတွေခေါင်းမူးတော့မယ်'
'အာ ဟုတ် sorry'
ကြိုးပေးထားတဲ့အချက်လက်တွေအရ အန်တီ ဘယ်အချိန်မှာဘာလုပ်ဖို့ရှိတာ ဘယ်သွားတာ ဘာကြိုက်တာကအစ နှိုင်းအကုန်သိထားသည်
မကြာပါ အန်တီ့ရဲ့ကားအနီလေးရောက်လာတယ် လက်ထဲမှာကော်ဖီခွက်လေးတစ်ခွက်ကိုင်ထားကာဆေးခန်းထဲဝင်လာတယ်'Hi အန်တီ'
မက်တပ်ရပ်ကာညာဘက်လက်ကလေးခါပြရင်းနှုတ်ဆက်တော့ နှိုင်းကိုကြည့်ပြီးမြင့်တက်သွားတဲ့အန်တီ့ညာဘက်မျက်ခုံးလေး ပြီးမှနှိုင်းကိုမျက်စောင်းထိုးပြီး ကောင်တာကလက်ထောက်သူနာပြုလေးကိုနှုတ်ဆက်ပြီး သူမအခန်းထဲဝင်သွားတယ်
'မနှိုင်း ဝင်လို့ရပါပြီ'
နှိုင်းအခန်းထဲဝင်လာတော့အန်တီကတစ်ဖက်လှည့်ကာ ဆေးပစ္စည်းတွေကိုနေရာချပြင်ဆင်နေတယ်
'ကုတင်ပေါ်ထိုင်ပေးနော်'
မကြည့်ကာပြောပြန်သည် နှိုင်းလဲကုတင်ပေါ်တက်ထိုင်ကာ အန်တီဘက်ကိုခါးကုန်းပြီးဘာတွေလုပ်နေလဲအကြည့် အန်တီကလဲဒီဘက်ကိုအလှည့် နီးကပ်သွားကြတဲ့မျက်နှာနှစ်ခု
'သေချာကြည့်ရင် အန်တီ့နှုတ်ခမ်းပေါ်မှာ မှည့်ပါးပါးလေးတစ်ခုရှိတယ်'
ဆိုတဲ့ကြိုးစကားလေးကိုကြားယောင်မိတယ် သတင်းပေးကနေရာအတိအကျကိုပေးတာ အန်တီ့ရှူထုတ်လိုက်တဲ့လေတို့ဟာ နှိုင်းနှုတ်ခမ်းကိုရိုက်ခက်နေတယ်
အန်တီ့ခုံကဘီးပါတဲ့ခုန်ဆိုတော့ အန်တီကကုတင်ကိုလက်နဲ့တွန်းကာ အရှိန်နဲ့ နောက်ကိုချက်ခြင်းဆုတ်သွားတယ်
YOU ARE READING
သီရိမြိုင်
Romance"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"