EP-23

8.1K 644 24
                                    

ဘာလိုလိုနဲ့နွယ်တောထဲရောက်တာသုံးပတ်လောက်ရှိပြီ

'ဘယ်တော့ငါ့ကိုပြန်လွှတ်ပေးမှာလဲမြတ်'

ပြတင်းပေါက်နားကကုလားထိုင်မှာထိုင်ကာ အပြင်မှာမိုးရွာနေတာကိုငေးကြည့်ရင်းဆေးလိပ်ဖွာနေတဲ့မြတ်ကိုမေးလိုက်တယ်

'ဟိုလူနဲ့စေ့စပ်တာဖျက်သိမ်းတဲ့အချိန်ထိ'

'အဲ့အချိန်ထိငါကနင့်ရဲ့ sex dollအနေနဲ့နေရဦးမှာလား'

'နွယ် အဲ့နေ့ညကကိစ္စကမရည်ရွယ်ပဲဖြစ်သွားတာ
နင်သာငါ့ကိုဒေါသထွက်အောင်မလုပ်ခဲ့ရင်ဖြစ်ခဲ့မှာမဟုတ်ဘူး'

'ငါနင့်ကိုမုန်းတယ်မြတ်'

'နင့်သဘောပဲနွယ် ဒီမှာကြည့်စမ်း'

မြတ်ရဲ့ဖုန်းထဲမှနွယ်တို့နှစ်ယောက်ရဲ့အဝတ်ဗလာနဲ့ပုံတွေ

'အမှန်တိုင်းပြောရရင် ငါမယုတ်မာချင်ပါဘူး ဒါပေမဲ့နင့်ကိုပိုင်ဆိုင်ဖို့ဆိုငါဘာမဆိုလုပ်မယ်လို့ဆုံးဖြတ်ထားပြီးသား ငါပြောဘူးပါတယ် နင်ကငါ့အပိုင် ငါကလွဲရင်နင့်ကိုဘယ်သူမှမပိုင်စေရဘူးလို့'

'တောက်ခ်.'

'ငါ့ကိုယ်ငါလဲအံသြလို့မဆုံးဘူး မာနကြီးပြီးတည်ငြိမ်လွန်းလှပါတယ်ဆိုတဲ့ငါက နင်ဘာလုပ်လုပ်သဘောကျပြီးရယ်မိနေတာပဲ'

'ငါ့အသားကိုမထိနဲ့မြတ်'

'Okလေ အိမ်မှာရိက္ခာမကျန်တော့ဘူး မြို့ပေါ်တက်ဝယ်ရမယ် အရင်နေ့တွေကလိုပဲ လိမ်လိမ်မာမာနေ နွယ် ခြံစည်းရိုးနားကပ်ဖို့မစဥ်းစားနဲ့ လျှပ်စစ်လွှတ်ထားတာ နင်မျက်မြင်သက်သေပဲ'

တစ်နေ့ကပင် လမ်းမှားလာတဲ့တောခွေးတစ်ကောင်ခြံစည်းရိုးမှာ ဓါတ်လိုက်ပြီးသေနေတာကို နွယ်မြင်ထားသည်

'အပျင်းပြေနင်ဖတ်လို့ရအောင် ငါ စာအုပ်လေးတွေဝယ်ခဲ့မယ် တစ်ခြားဘာစားချင်တာရှိသေးလဲ မစားချင်ရင်လဲ'

'အချဥ်ထုပ်တွေဝယ်ခဲ့ပေး'

'အွန်း သွားပြီ'

'ကားကိုဂရုစိုက်မောင်းဦး'

အိမ်အပြင်ထွက်မဲ့မြတ်ခြေထောက်တွေရပ်တန့်သွားတယ်

သီရိမြိုင်Where stories live. Discover now