EP-28 Final

14.2K 734 78
                                    

'အဲ့ဘက်နားမှာနှင်းဆီပန်းတွေထပ်စိုက်လိုက် အရောင်မထပ်စေနဲ့နော် မြင်ထဲသူတိုင်းဟင်ခနဲဟာခနဲဖြစ်အောင်ပြင်နော်'

ခြံထဲမှာအလုပ်သမားတွေကိုသေချာခိုင်းစေနေတဲ့ ဦး

'မေမေ...'

'အန်တီ....'

နှိုင်းနဲ့ဦးတို့သမီးလေးတောင်နှစ်နှစ်ကျော်နေပီ စကားလဲမပီကလာပီကလာလေးပြောတက်နေပီ ဦးဆီကိုငိုနေတဲ့သမီးလေးကိုချီကာ နှိုင်းအပြေးလေးရောက်လာတယ်

'အန်တီ အန်တီ သမီးလေးငိုနေပီ'

'တိတ်အောင်ချော့လေ'

'ချော့နေတာပဲ မရဘူး'

'ပေးပေး ကလေးထိန်းတာလေးတောင်မလုပ်တက်ဘူး သူတို့ကို ပွဲအတွက်ဘာလုပ်ဘာလုပ်ဆိုပြီးခိုင်းလိုက် အဲ့တာတော့လုပ်တက်တယ်မလားအဲ့တာတော့'

'လုပ်တက်ပါတယ် သူများဆိုဆူဖို့ပဲ'

ဟုပြောကာ နှုတ်ခမ်းကြီးဆူရင်း အလုပ်သမားတွေဆီလျှောက်သွားတဲ့နှိုင်းကိုကြည့်ကာခေါင်းတခါခါနှင့်ဖြစ်နေသူမှာ ဦးပင်

'သမီးရေ သမီးတော့ သမီးမာမီနဲ့တူလို့မဖြစ်ဘူး မဟုတ်ရင်အမြဲကောက်နေတာနဲ့မေမေရူးမယ်'

သမီးလေးကနားလည်သယောင်နဲ့ရီတယ်

'အယ်ရီတာပေါ့'

'တီတီ တီတီရော'

'သမီးတီတီ ညနေကျမှလာမှာ'

'မီး ဗိုက်ဗိုက် ဆာ'

'အိုခေပါ'

သီရိမြိုင်စံအိမ်ကလူတွေအကုန်အလုပ်ရှုပ်နေကြတယ်
ထိုနည်းတူစွာ company ကရုံးခန်းထဲမှာလဲအလုပ်ရှုပ်နေတဲ့မြတ်

'Boss ဒီမှာ jb လုပ်ငန်းကceoက bossအတွက်မွေးနေ့ကိုဂုဏ်ပြုပါတယ်ဆိုပြီး ပန်းခြင်းပို့ခိုင်းလိုက်တယ်'

'စားပွဲပေါ်တင်လိုက်'

'ဘယ်နားတင်ရမလဲ boss နေရာမရှိတော့ဘူး'

တစ်ခြားလုပ်ငန်းကလူတွေပါပို့ထားတဲ့ခြင်းတွေစားပွဲပေါ်မှာပြည့်နေလေပြီ

'လာ ငါ့ခေါင်းပေါ်သာလာတင်ထားလိုက်တော့'

'Boss'

သီရိမြိုင်Where stories live. Discover now