EP-27

8.8K 603 101
                                    

'ရော့ အန်တီမြတ်'

'မမရော'

'အရေးပေါ် caseရှိလို့တဲ့'

'ဒါနဲ့ ဒါဘာကြီးလဲ'

'ပဲပြား'

'ဘာလုပ်ဖို့'

'ကိုရီးယားကားထဲမှာဆိုထောင်ထဲကထွက်လာရင်ပဲပြားစားကြတယ်လေ'

'ငါက အချုပ်ထဲကထွက်လာတာလေ ထောင်ထဲကထွက်လာတာမှမဟုတ်တာ'

'ဘယ်ကထွက်ထွက်စားလိုက်ပါ သူများစေတနာနဲ့ဝယ်လာပေးတာကို'

'အူကြောင်ကြောင်နဲ့မမနင့်ကိုဘယ်လိုသည်းခံလဲမသိ'

'အချစ်တွေနဲ့နေမှာပေါ့'

'စိတ်ချမ်းသာတယ်'

နှိုင်းကိုခေါင်းတခါခါနဲ့ကြည့်ရင်း ပဲပြားကိုလဲကိုက်စားလိုက်သည်

'ကြိုးရော'

'အန်တီမြတ်အဖမ်းခံလိုက်ရတဲ့နေ့တည်းကအခန်းထဲကမထွက်ဘူး ပြီးတော့ အန်တီမြတ်ညီမနဲ့ကြိုးနဲ့အကြီးအကျယ်ရန်ဖြစ်ကြသေးတယ်'

'မမကကြိုးကိုတစ်ခါမှလေသံမာမာနဲ့တောင်ပြောဘူးတာမဟုတ်ဘူး ကြိုးတော်တော်စိတ်မကောင်းဖြစ်သွားမယ်တော့ထင်တယ်'

'အွန်း'

'မေမေရော'

'တရားစခန်းဝင်သွားတယ်'

အိမ်ပြန်ရောက်တာနဲ့ကြိုးရှိရာအပေါ်ထပ်အခန်းဆီပြေးတက်ခဲ့တယ်

'ကြိုး'

'မာမီ'

မြတ်ကိုမြင်တာနဲ့ပြေးလာကာရင်ခွင်ထဲတိုးနေဝင်တဲ့ကြိုးကြောင့်ပင်ပန်းတာတွေတောင်လွင့်စင်သွားသလိုခံစားရတယ်

'လွမ်းလိုက်ရတာကလေးရယ်'

'များများဖက်ထားပေးပါကြိုးကို'

တိတ်ဆိတ်နေတဲ့ထမင်းစားဝိုင်း အိမ်ရဲ့အသက်အကြီးဆုံးနဲ့ အသက်အငယ်ဆုံးနှစ်ဦးကြားနေရထိုင်ရခက်နေတဲ့ မြတ်နဲ့နှိုင်း

'ကြိုးဝပီမာမီ အပေါ်တက်နှင့်မယ်နော်'

'အွန်း'

ချစ်ရသူလေးအပေါ်တက်သွားကာမှ အမဖြစ်သူကိုရန်တွေ့ရတော့သည်

သီရိမြိုင်Where stories live. Discover now