EP-15

9K 767 12
                                    

စာမေးပွဲကာလအတွင်း နှိုင်းကကြိုးကိုအကြိုပို့လုပ်ပေးသည်
အန်တီဦးအကူညီတောင်းထားတာလေ လူကသာစာမေးပွဲဖြေနေရတယ် စိတ်ကမာမီ့ဆီမှာသာ

'စားလေကြိုး'

ကိတ်ကိုမစားပဲဇွန်းနဲ့မထိတထိလုပ်နေတဲ့ကြိုးကိုနှိုင်းကပြောသည်

'တော်ပြီနှိုင်းရယ် ငါမစားချင်ဘူး'

'ကိတ်လေးတော့စားပါ နင်မနက်ကတည်းက ဘာမှမစားရသေးဘူးမလား မွေးနေ့မှာမွေးနေ့ကိတ်လေးတော့စားသင့်တယ်လေ'

'ငါမှစိတ်မပါတာနှိုင်းရယ် မာမီမပါပဲ ငါ့မွေးနေ့ကြီးမကုန်ဆုံးချင်ဘူး'

ဒီနေ့ကကြိုးရဲ့ ၁၈နှစ်ပြည့်မွေးနေ့

'အဲ့တာဆိုလဲပြန်ကြရအောင် ငါကားပေါ်ကစောင့်နေမယ်'

'အင်း ငါ ပိုက်ဆံရှင်းပြီးလိုက်လာခဲ့မယ်'

'ကြိုး'

ကြိုးရဲ့အမဝမ်းကွဲ ဖွေးပင်

'မမဖွေး'

'ဒီမှာ ဖေဖေကကြိုးကိုပေးခိုင်းလိုက်တာ မွေးနေ့လက်ဆောင်တဲ့'

Stickတစ်ခုပင်

'ဘာကြီးလဲ'

'Stickလေ'

'Stickမှန်းတော့သိတာပေါ့ ဘာstickလဲလို့မေးတာ'

'အဲ့တာတော့ငါလဲဘယ်သိမလဲ'

'အွန်းပါ ကျေးဇူးပဲ ဖွေး'

'ကြိုး'

နှိုင်းကကားထဲကနေလာဖို့လှမ်းခေါ်တယ်

'ကြိုးသွားတော့မယ်နော်'

'နေဦး နှိုင်းနဲ့ကဘာတွေလဲ'

'သူငယ်ချင်းတွေ ကြိုးသွားပြီနော်'

ကားနဲ့ထွက်သွားတဲ့ကြိုးကိုကြည့်ကာ

'ဒီလောက်တောင်ရင်းနှီးနေတာ နှိုင်းကတော်ရုံလူကိုဒီလိုလုပ်ပေးတာမဟုတ်ဘူး ငါသေချာစုံစမ်းရမယ်'

ကားထဲကတိတ်ဆိတ်မှု့ကိုနှိုင်းဖြိုခွဲလိုက်တယ်

'နဲနဲပါးပါးလေးပြုံးစမ်းပါကြိုးရယ်'

'ငါလဲပြုံးချင်ပါတယ် ဒါပေမဲ့စိတ်က...'

'ငါနားလည်ပါတယ်'

သီရိမြိုင်Where stories live. Discover now