EP-14

9.2K 609 14
                                    

'မသွားလို့မရဘူးလား ဟင် မသွားနဲ့လေ နော်... ကြိုးနဲ့ပဲနေပါနော်'

မြတ်ရင်ခွင်ထဲတအီအီနဲ့ဂျီကျနေတဲ့ချစ်ရသူလေး

'မာမီလဲမသွားချင်ပါဘူးကြိုးရယ် ဒါပေမဲ့ ဟိုမှာကမေမေတစ်ယောက်ထဲဆိုတော့ ဒီကာလကျအလုပ်တွေကိုသူတစ်ယောက်ထဲမနိုင်ဘူးလေကွယ်'

'ကြိုးလဲမာမီနဲ့မခွဲနိုင်ဘူးလေလို့'

'အောဟော'

'ကြိုးလဲလိုက်မယ်လေ ကြိုးကိုပါခေါ်သွားလေ နော်'

'စာမေးပွဲရှိသေးတယ်လေ ကလေးရယ်'

'မဖြေတော့ဘူး'

မြတ်ရဲ့ပေါင်ပေါ်ကိုမေးတင်ထားတဲ့ကြိုးရဲ့နှာခေါင်းကိုမြတ်ကလက်ညိုးလေးနဲ့အသာအယာတို့ထိရင်း

'ဟော အဆိုးလေး မာမီအမြန်ဆုံးပြန်လာမှာပါ နော်'

'ဂတိပေး'

'ဂတိ'

မာမီအိမ်ကနေထွက်သွားတာတစ်လပင်ပြည့်တော့မယ်
မာမီအိမ်မှာမရှိသည်နှင့် သီရိမြိုင်ဟာတိတ်ဆိတ်လွန်းတယ်
မဟုတ်ရင် ဟိုဟာဟိုလုပ်လုပ် ဒီဟာဒီလိုလုပ်နဲ့အမြဲပေါက်ပေါက်ဖောက်နေတက်သည်မဟုတ်လား

'ကြိုး ထမင်းစားမယ် လာ'

'ကြိုးမဆာသေးလို့တီတီဦး စားနှင့်နော်'

'နေ့လယ်ကလဲဘာမှမစားထားဘူးမလား'

'ကြိုးမစားချင်သေးလို့ပါဆိုတီတီကလဲ'

'ကြိုးနော် တီတီနှစ်ခါမပြောဘူး လာ အခု'

'ဟုတ်'

မစားချင်စားချင်နဲ့ ကြိုးတစ်ယောက်ထမင်းပန်းကန်ထဲကထမင်းဟင်းတွေကို ဟိုမွှဒီမွှလုပ်နေသည်

'မာမီသာကြိုးဒီလိုလုပ်နေတာမြင်ရင်ဆူမှာ မာမီ့ဆူသံလေးကိုလွမ်းလိုက်တာ'

'နေ့လည်ကမြတ်ဖုန်းဆက်တယ်'

'မာမီဘာပြောလဲ မာမီနေကောင်းလား ကြိုးကိုဘာလို့မဆက်သွယ်တာတဲ့လဲ'

'သူအဆင်ပြေတယ်တဲ့ သူအရမ်းအလုပ်ရှုပ်နေတာမို့လို့ဆိုပြီး ခဏလေးနဲ့ပြန်ချသွားတယ်'

သီရိမြိုင်Where stories live. Discover now