EP-16

9.1K 680 30
                                    

မူးဝေမှု့များနဲ့နိုးထလာခဲ့တယ်  အားမရှိလို့ခန္ဓာကိုယ်ကမလှုပ်ချင်ပေမဲ့ဒီလိုဆက်လှဲနေလို့လဲမဖြစ်တာမို့ ထဖို့လက်ထောက်လိုက်တော့

'အ'

လက်မှာတပ်ထားတဲ့ဆေးပိုက်ကအပ်ကြောင့်အသဲခိုက်မတက်နာကျင်သွားရသည်

'နိုးပြီလားကြိုး'

ဘေးအသံပိုင်ရှင်ကိုမကြည့်လဲသိနေတဲ့နှလုံးသားထဲထိစွဲနေတဲ့အသံ
ကုတင်ဘေးကဆိုဖာမှာထိုင်နေတဲ့ မြတ်

'မမက အကြောဆေးသွင်းထားပေးတာ ဒီလိုအချိန်မှာဘယ်လိုနေရမလဲဆိုတာဆေးကျောင်းသူတစ်ယောက်အနေနဲ့သိတယ်မလား'

မြတ် ကြိုးရှိရာကုတင်မှာဘေးစောင်းဝင်ထိုင်ရင်းကြိုးရဲ့ပါးလေးကိုကိုင်ဖို့လုပ်တော့ အကိုင်မခံပဲမျက်နှာကိုတစ်ဖက်ကိုသာလှည့်နေသွားတယ်

'စာမေးပွဲအတွက်စာလုပ်ရမယ်ဆိုတာဟုတ်ပေမဲ့လဲအခုလိုအဟာရပျက်တဲ့အထိမစားမသောက်ပဲနေတာကိုတော့မာမီတကယ်စိတ်ဆိုးတယ်ကွယ်'

မြတ်ပြောသမျှကိုအဖက်မလုပ်တဲ့ကြိုး
ဒီအချိန်မှာကြိုးကိုတစ်ယောက်ထဲလွှတ်ထားသင့်မှန်းနားလည်တာမို့ အခန်းထဲကနေထွက်သွားဖို့ဆိုဖာကနေထလိုက်သည်

'ခဏနေရင်တို့မနက်စာပို့ခိုင်းလိုက်... တို့လာပို့ပေးမယ်  ဖြစ်ခဲ့သမျှကိစ္စအားလုံးအတွက်တို့မှာတာဝန်ရှိတာမို့  အပြစ်တင်ချင်ရင်လက်စားချေချင်ရင် နေကောင်းအောင်အရင်လုပ်ပါ မာမီအဆင်သင့်ပဲမို့လို့'

အခန်းထဲကထွက်ဖို့ lock အကိုင်မှာ

'ဘာလို့မကယ်ခဲ့တာလဲ'
'တို့မင်းကိုပြောပြီးပြီပဲ'
'ကြိုးလေ မာမီ့ကိုအရမ်းမုန်းတယ်'

အရမ်းမုန်းတယ်တဲ့ စကားလေးခွန်းတည်းပါ ဒါပေမဲ့ နေအစင်း ပေါင်းများစွာထိုးသလိုရင်ထဲပူလောင်ရပါရဲ့ lockကိုင်ထားတဲ့ မြတ်လက်များတုန်ရီနေသည် ကြိုးမမြင်နိုင်လို့တော်သေးပါရဲ့

#မင်းဘယ်လိုမုန်းမုန်းတို့က မင်းကိုတို့ကအသက်ထက်ပိုချစ်တယ်#

စိတ်ထဲမှာတော့ထိုသို့ရေရွတ်မိပေမဲ့ နှုတ်ကတော့

'ချစ်တာ မုန်းတာ မင်းအပိုင်းပဲ နွယ်ကြိုး
ငါအရင်ကလဲ မင်းကိုပြောဖူးတယ် မင်းကငါ့လောင်းရိပ်အောက်ကလူ  ငါ့ဆီကထွက်သွားဖို့မကြိုးစားနဲ့ ကြိုးစားရင်
ငါဖန်တီးထားတဲ့မင်းကိုငါကိုယ်တိုင်ဖျက်စီးပစ်ဖို့ဝန်မလေးဘူး'

သီရိမြိုင်Where stories live. Discover now