'မသူဇာနွယ် ခဏနေပါဦးဗျ'
နွယ်ဆက်မသွားနိုင်အောင် နွယ့်လက်ကိုဖမ်းဆွဲထားတဲ့အမျိုးသားတစ်ယောက် နွယ်ကထိုလက်ကိုမျက်မှောင်ကြုံ့ကာကြည့်တော့မှ လက်ကိုလွှတ်သွားတယ်
'ဆော ဆောရီးပါဗျ'
'ဘာကိစ္စများရှိလို့လဲ'
'ဟို ကျွန်တော် ဒါလေးပေးချင်လို့ပါ'
ထိုအမျိုးသားလက်ထဲစာတစ်စောင်
'မေတ္တာစာပါဗျာ ၁၅၀၀အချစ်တွေနဲ့သီကုံးဖွဲ့ဆိုထားတဲ့မေတ္တာစာပါ လက်ခံပေးပါနော်ဗျ'
နွယ့်လက်ထဲမရောက်ခင် ဖျက်ယူသွားတဲ့လက်တစ်စုံ
'မြတ်'
'ခင်ဗျားဘာလုပ်တာလဲ'
'နေစမ်းပါ'
မြတ်အရပ်ကထိုအမျိုးသားထက်ရှည်တော့ စာကိုပြန်လုဖို့ကြိုးစားနေတဲ့ ထိုအမျိုးသားကို နဖူးကိုသူ့လက်ညှိုးနဲ့ထောက်ကတွန်းထုတ်လိုက်တယ်
'စာထဲကအတိုင်းဆိုင် ရှင့်နမည်ညီသုတပေါ့ ဒီမှာညီသုတ
သူဇာနွယ့်ကို ၁၅၀၀ လဲပေးစရာမလိုဘူး ၅၂၈လဲပေးစရာမလိုဘူး ကျွန်မသူ့ကိုသိန်းသန်းချီပေးနိုင်တယ်''ခင်ဗျားနဲ့ဘာဆိုင်လို့လိုက်စွက်ဖက်နေရတာလဲ ကျုပ်ကတစ်ခြားသူတွေလို ခင်ဗျားကိုရှိန်နေမဲ့အမျိုးစားထဲကမဟုတ်ဘူး'
'သူဇာနွယ်ကတို့အပိုင် တို့ကလွဲရင်သူ့ကိုဘယ်သူမှပိုင်ဆိုင်လို့မရဘူး ပိုင်ဆိုင်ခွင့်လဲမရှိဘူး'
ဟုပြောပါ နွယ့်ပခုံးပေါ်ကိုရောက်လာတဲ့ မြတ်ရဲ့လက် ရုပ်ကလဲငါကွဆိုသောစတိုင်ဖြင့်
'ပြောပြလိုက်နွယ်'
'ကျွန်မသဘောက မြတ်ဆန္ဒနဲ့အတူတူပဲမို့ ဒီကအကို့ကိုငြင်းပါရစေ'
'ဘာလားကွာ သူများသားသမီးဘဝကိုပိုင်စိုးပိုင်နင်းနဲ့ မိဘလုပ်စာနဲ့မျက်နှာလုပ်နေတဲ့သူကများ'
'တို့ကမင်းလုပ်စာကိုစားနေတာမို့လို့လား'
'လာပါမြတ်ရယ်'
'ငါ့ကိုမတားနဲ့နွယ်'
'မြတ် နွယ်စိတ်ဆိုးလိုက်မှာနော်'
YOU ARE READING
သီရိမြိုင်
Romance"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"