EP-11

10.1K 968 40
                                    

ကိုယ်လုံးပေါ်မှန်ရှေ့ဂါဝန်လေးတကားကားနဲ့ ရှိုးထုတ်နေတဲ့ကြိုး

'ကြည့်လို့ ဝပြီလား ကိုယ့်ကိုကို'

'မဝသေးဘူး မာမီ ကြိုးလှတယ်မလား'

'Omm လာဒီကို'

'ဘာလို့လဲ'

'လာမှသာလာပါ ပေါက်စရယ်'

'လာပြီ လာပြီ'

ဆုံလည်ခုံမှာထိုင်နေတဲ့မာမီ့ဆီကိုလျှောက်သွားလိုက်သည်

'ဟိုဘက်လှည့်'

ကြိုးလည်ပင်းထက်ရောက်လာတဲ့ဆွဲကြိုးလေး

'အဲ့လိုအရာတွေကြိုးမလိုပါဘူးမာမီရယ်'

'တို့ပြောပြီးသားလေ တို့ပိုင်ဆိုင်မှု့အကုန်လုံးကမင်းရဲ့အပိုင်တွေကြီးပဲလို့ ဘယ်လိုလဲ  သဘောကျရဲ့လား'

'စျေးဘယ်လောက်တောင်ပေးခဲ့ရလဲ'

'ကျစ်😒 ကြိုက်လားမကြိုက်ဘူးလားပဲပြော ကျန်တာမမေးနဲ့'

'အင်း ကြိုက်တယ်'

'ကြိုက်ရမယ်လေ မာမီကိုယ်တိုင် design ဆွဲမှာထားတာ'

မာမီကစားပွဲကိုမှီကာထိုင်နေပြီး ကြိုးကမာမီ့ခြေထောက်ကြားထဲဝင်ရပ်နေတာမို့မာမီကကြိုးကို သူ့ဆီဆွဲကပ်လိုက်တယ်

'ကြိုးဒီနေ့အရမ်းလှနေတာသိရဲ့လား'

နှစ်ယောက်သားနီးကပ်လွန်းတာကြောင့် ကြိုးအရှက်သည်းစွာမျက်နှာလေးတစ်ဖက်လှည့်ထားတယ်

'မာမီ့ကိုကြည့်ပါဦး'

'အွန်း'

'ကြိုး ဘယ်နှုတ်ခမ်းနီသုံးတာလဲ စတော်ဘယ်ရီနံ့လေးရနေတယ်'

'မာမီဝယ်ပေးထားတဲ့အထဲကပဲ'

'ဟုတ်လား  ဝယ်ပေးတာများလွန်းလို့ဘယ်ဟာလဲတို့မမှတ်မိဘူးရော မာမီလဲဆိုးချင်တယ်'

သီရိမြိုင်Where stories live. Discover now