EP-13

9.8K 668 15
                                    

'အန်ကယ်တောင်းပန်ပါတယ် အန်ကယ့်သားအမှားကြောင့်'

အိမ်အရောက်လာတောင်းပန်နေတဲ့ ဦးခွန်းသ
ကြိုးနဲ့မာမီထိုင်နေတဲ့ခုံရှေ့မှာဒူးထောက်ပြီးအကြိမ်ကြိမ်တောင်းပန်နေရှာသည်

'အန်ကယ်အဲ့ကောင့်ကိုသေချာဆုံးမပါ့မယ် '

'ရှင့်တူကြောင့် ကြိုးလေးဘယ်လောက်ထိတ်လန့်သွားရသလဲ '

'အဲ့အတွက်လဲ မြတ်သူ့ကိုတစ်ခုခုလုပ်ပြီးပြီမလား'

သုခမွန်တစ်ယောက်ကား အရှိန်လွန်၍ accident ဖြစ်ကာဆေးရုံရောက်နေပြီးအခုအချိန်ထိသတိရမလာသေးပေ

'အလို ကျွန်မလုပ်တယ်ဟုတ်လား စွပ်စွပ်စွဲစွဲရှင်'

မာမီကသူ့ပါးစပ်ကိုလက်ဖျားနဲ့အုပ်ရင်းအံ့သြတဲ့ပုံစံနဲ့ပြောနေသည်မှာ တကယ်ချစ်စရာပင်

'သူ့ကိုအဲ့လိုဖြစ်အောင်ကျွန်မလုပ်ပါတယ်လို့ဘယ်သူပြောလဲ ဟင်.. သက်သေရှိလား'

သက်သေမရှိလဲဒီလိုဖြစ်အောင်လုပ်သူဟာမြတ်သီရိဆွေပဲဆိုတာဦးခွန်းသသိသည် သို့သော်သူ့မှာမြတ်လုပ်တာလို့ပြနိုင်တဲ့သက်သေမှမရှိ

'အန်ကယ် ထိုက်ထိုက်တန်တန်နစ်နာကြေးပေးမှာမို့လို့
ကြေအေးပေးပါလားကွယ် '

'နစ်နာကြေး ရှင် ကျပ်ကောပြည့်ရဲ့လား ဟင် ဦးခွန်းသ
သီရိမြိုင်ကိုလာပြီးငွေစကားပြောရတယ်လို့ရှင် ရူးများနေသလား ခေတ်အဆက်ဆက်သီရိမြိုင်ကဘယ်လိုအဆင့်တန်းမျိုးနဲ့နေလာသလဲရှင်လဲအသိပဲ'

'သိပါတယ် ဒါဆို မြတ်ကြိုက်တာလျှော်ကြေးအဖြစ်တောင်းပါ အန်ကယ်ပေးပါ့မယ်'

မာမီ့ညာဘက်နှုတ်ခမ်းအနည်းငယ်မြင့်တက်သွားတာကိုကြိုးမြင်ဖြစ်အောင်မြင်လိုက်သည် ကြိုးသိလိုက်သည်ဦးခွန်းသကမာမီဆင်တဲ့ထောင်ခြောက်ထဲဝင်လာလေပြီ

'ကြိုး'

'ရှင် မာမီ'

'အပေါ်ထပ်ကိုသွားနှင့်လိုက်'

ပထုတ်ပြန်ပြီ ကြိုးကြောင့်လျော်ကြေးအနေနဲ့ရမဲ့အရာဟာဘာလဲကြိုးမှာသိခွင့်မရှိ

သီရိမြိုင်Where stories live. Discover now