EP-8

10.6K 714 18
                                    

'မသင်ရဘူးလို့'

' မာမီကလဲ'

'ဘာလို့သင်မှာလဲ ကိုယ်တိုင်မောင်းစရာမလိုတဲ့ကိစ္စကို'

'ကြိုးလဲနောင်ကျရင်မာမီ့ကိုကားမောင်းပြီးအလုပ်လိုက်ပို့ချင်တာပေါ့ မာမီကလဲနော်နော် သင်မယ်နော်'

မနက်စာစားနေတဲ့မြတ်ဘေးနားထိုင်ကာ ကားမောင်းသင်ချင်လို့ပူဆာနေတဲ့ ကြိုး

'မရဘူး မသင်ရဘူး'

'ရပါတယ်ဆို မာမီကလဲ...'

'မရပါဘူးဆိုကွာ'

'မာမီကလဲ ကြိုး စိတ်ကောက်လိုက်မှာနော်'

'ကောက်ကောက် တစ်ခြားဟာတော့သဘောတူပေးနိုင်တယ် ဒီကိစ္စတော့သဘောမတူနိုင်ဘူး'

'နေကွာ'

'ဒါဘယ်လဲ'

'ကျောင်းသွားတော့မလို့'

'မနက်စာကုန်အောင်စားသွားလေ'

'မစားဘူး ဟွန့်
အန်တီဦး'

အိမ်ထဲကထွက်ဖို့ပြင်နေတဲ့အန်တီဦးကိုလှမ်းခေါ်လိုက်တယ်

'ရှင့်'

'အလုပ်သွားတော့မလို့လား'

'ဟုတ်ပါတယ်ရှင့်'

'ကြိုးကိုကျောင်းဝင်ပို့ပေး'

ပြောပြောဆိုဆိုနှင့်ဦးရဲ့ကားထဲဝင်ထိုင်လေသည်

'မမ သူ့ကိုသေချာလိုက်ပို့ပေးလိုက်ပါဦး'

'ဘာဖြစ်ကြတာလဲ'

သူစိတ်ကောက်သွားတယ်ဆိုတဲ့ပုံမျိုးနဲ့ လက်ညှိုးကိုquestion mark ပုံစံလိုမျိုးလေးကွေးပြလိုက်တယ်

'ဟုတ်ပြီ ဟုတ်ပြီ နားလည်ပြီ'

မီးပွိုင့်မိလို့ကားရပ်တော့ဘေးခုံက ရှေ့ကကားဖင်ကိုထိုးမိလောက်အောင်နှုတ်ခမ်းဆူထားတဲ့ကလေးမကိုမေးမြန်းရဦးမညွ

'ကဲ ပြောပါဦး ရှင့်မာမီနဲ့ဘာဖြစ်ကြတာလဲ မနက်ကတင်အကောင်းကို'

'ကားမောင်းသင်ပါမယ်ဆိုတာကိုမသင်ရဘူးတဲ့'

'အန္တရာယ်များလို့နေမှာပါ ကြိုးရယ် ကြိုးမာမီရဲ့စိတ်ကိုလဲသိသားနဲ့'

သီရိမြိုင်Donde viven las historias. Descúbrelo ahora