EP-3

11.1K 831 20
                                    

ကျောင်းစတက်မဲ့နေ့မို့ ကြိုးစောစောနိုးနေတယ်
အချိန်ကား မနက်၄နာရီ ပြန်လဲအိပ်မပျော်တာနဲ့ဝရံတာကိုထွက်မယ်အလုပ် တစ်ဖက်အခန်းဝရံတာကအလင်းရောင်ကိုတွေ့ရတယ် မာမီနိုးနေတာလား ကြိုးချောင်းကြည့်လိုက်တော့ ဝရံတာဘေးကဒန်းမှာ ဆေးလိပ်ဖွာရင်းလက်တစ်ဖက်က ဝိုင်ခွက်ကိုင်ကာလက်လှုပ်နေတယ်
မာမီဘာတွေစိတ်ညစ်နေတာပါလိမ့်

'ဟူး...'

မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်အငွေ့တွေထဲ မာမီ့သောကတွေပါသွားပါစေ ကြိုးဝရံတာကိုမထွက်တော့ပါ ကြိုးကိုမြင်ကာမှ မာမီ ပိုစိတ်အနှောက်ယှက်ဖြစ်မှာမျိုးမလိုချင်
ကြိုး  မာမီ့ကိုမြင်နိုင်လောက်မဲ့နေရာက နံရံလေးဘေးမှာကပ်ထိုင်လိုက်တယ်

'တစ်ခြားသူတွေဖျက်လို့ဖြင့်နောက်မဆုတ်ဘူး
စမိတဲ့အချစ်တွေကို ဖျက်သိမ်းဖို့မတောင်းဆိုနဲ့'

အမြဲတမ်းလေသံမာမာနဲ့အမိန့်ပေးနေတဲ့မာမီက အခုလိုအသံအေးအေးနဲ့သီချင်းဆိုငြီးတက်တယ်တဲ့လား

'ကောင်းလိုက်တဲ့အသံလေး'

ကြိုးဒူးပေါ်လက်တင်ပြီး လက်ပေါ်မှာခေါင်းလေးဦးမှာမာမီ့အသံလေးကိုနားထောင်နေခဲ့မိတယ်

'ဒေါက်ဒေါက် ဒေါက်ဒေါက်'

တံခါးခေါက်သံကြားမှကြိုးနိုးလာတယ်

'ငါပြန်အိပ်ပျော်သွားတာပဲ မာမီ့အသံလေးကချော့သိပ်သလိုဖြစ်နေတာပဲ ငါပြန်အိပ်ပျော်သွားတာမဆန်းပါဘူး🤭🤭'

'ကြိုး မြတ်က ထတော့တဲ့ ရေမိုးချိုးအသင့်ပြင်ပြီးမနက်စာစားဖို့လာခဲ့ပါတဲ့'

'ဟုတ် ကြီးကြီးတင် ကြိုးနိုးပြီ'

ကြီးကြီးတင်က မာမီ့ကိုငယ်ငယ်တည်းကပြုစုစောင့်ရှောက်ခဲ့သူပင် ကြိုးလဲကြီးကြီးတင်လက်ထဲကြီးပြင်းလာတာဆိုလဲမမှား

'သူနိုးပြီလား မမတင်'

'နိုးပြီမြတ်'

'အင်း မြတ်နောက် မိနစ်၃၀နေရက်ဆင်းလာခဲ့မယ် မနက်စာအသင့်ပြင်ထားပေး'

'ဟုတ်ပြီ မြတ်'

Designerဆီမှာမာမီကိုယ်တိုင်လက်အပ်ပေးထားတဲ့မြန်မာဝတ်စုံလေးနဲ့သိပ်လှနေတဲ့ကြိုး မှန်ထဲကပေါ်နေတဲ့ကိုယ့်ပုံရိပ်ကိုပြန်ကြည့်ပြီးသဘောတွေကျနေမိသည် မာမီလဲကြိုးပြင်ဆင်ထားပုံကိုသဘောကျရင်ကောင်းမည်

သီရိမြိုင်Where stories live. Discover now