EP-6

11.3K 807 31
                                    

'မြတ် မြတ်ရေ မြတ်ကလေးရေ'

'လာမချော့နဲ့နော် စိတ်ဆိုးနေတာ'

'စိတ်ဆိုးနေလို့လာချော့တာလေမြတ်ရယ် စိတ်ဆိုးပြေပါတော့ နော်'

'မပြေဘူး'

'တကယ်မပြေဘူးလား'

ဟုဆိုကာသူကမြတ်ရဲ့ဗိုက်ကိုကလိထိုးလေရဲ့

'ကဲကွာ စိတ်ဆိုးချင်ဦး'

'ပြေပြီ ပြေပြီ'

'ဘာပြေတာလဲ'

'စိတ်ဆိုးပြေပြီ'

'တကယ်လား ညာရင်နော်တစ်နေကုန်ကလိဆက်ထိုးနေမှာ'

'တကယ်စိတ်ဆိုးပြေပြီ'

'ပြီးရော စိတ်ဆိုးပြေတယ်ဆိုရင်ကျေနပ်တယ်'

'လူဆိုးမ စိတ်ဆိုးနေတဲ့လူကိုအနိုင်ကျင့်ပြီးစိတ်ဆိုးပြေခိုင်းတယ်'

'ကျုပ်အဲ့လိုမလုပ်ရင် ရှင်လေးကဆက်စိတ်ဆိုးနေမှာလေ'

'ဟွန့် လူယုတ်မာ'

လက်ကလေးပိုက်ပြီးနှုတ်ခမ်းဆူကာပြောတဲ့မြတ်ကိုသူကအသဲယားစွာနဲ့ပွေ့ဖက်

'ချစ်လိုက်တာမြတ်ရယ်'

လို့ဆိုလေတယ်
ထိုလူရဲ့ရင်ခွင်ဟာမြတ်အတွက်အမြဲနွေးထွေးခဲ့လေရဲ့ သူ့ရှေ့မှာမြတ်ဟာနူးညံ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါလေရဲ့
ပျော်စရာအချိန်များကိုအတူတူကုန်ဆုံးခဲ့ရပါလေရဲ့ သို့ပေမဲ့ ထိုအရာများဟာအိပ်ယာနိုးရင်အိမ်မက်အဖြစ် သာရှိပေတော့မည်

'ဒေါက်ဒေါက်'

'မမမြတ် မမမြတ်'

အပြင်က အိမ်ဖော်ကောင်မလေးအသံကြောင့်အိမ်မက်ကနေနိုးထလာခဲ့တယ်

'ဘာလဲ'

'ဟို မမဦးကနှိုးခိုင်းလိုက်လို့ပါ မမလေးကြိုးနိုးပြီတဲ့'

'အင်း ငါလာခဲ့မယ်ပြောလိုက်'

'ဟုတ် မမမြတ်'

ခါးထိရှိသောဆံပင်များကိုလိပ်တင်ကာကလစ်နဲ့ညှပ်လိုက်သည် မှန်ရှေ့ရပ်ကာအင်္ကျီကိုသေချာပုံပြန်ချလိုက်သည် မြတ် ကိုယ့်လက်ကိုယ်ပြန်ငုံ့ကြည့်လိုက်တယ် လက်မှာခါးပတ်ရာများရှိနေလေသည် ပြုလုပ်သူမြတ်တောင်နာလျှင် ခံရတဲ့ကြိုးဆိုဘယ်လောက်နာလိုက်မည်နည်း နာကျင်နေတဲ့ညာဘက်လက်ကလေးကိုဘယ်ဘက်လက်လေးနဲ့ဆုပ်ကိုင်ပြီးရင်ဘက်ပေါ်အပ်ထားလိုက်တယ် မှန်ထဲမှာပေါ်နေတဲ့ကိုယ့်ပုံရိပ်ကိုကြည့်ရင်း သူ့မိဘတွေအပေါ်ထားရှိတဲ့မကျေနပ်ချက်တွေကလေးအပေါ်ပုံချမိနေတဲ့ငါ့လုပ်ရက်တွေမှားနေပြီလားလို့တွေဝေနေမိတယ်

သီရိမြိုင်Where stories live. Discover now