EP-22

8.5K 719 26
                                    

မြတ်ဒီချိန်ဆိုဘယ်ရာက်နေမလဲ နွယ်တစ်ယောက်မြတ်ကိုလွမ်းတဲ့စိတ်များတားမရပေ

'နွယ် သားဇင်ကိုလတ်ရောက်ပြီ'

လက်ထပ်ပြီးရင်နေဖို့အိမ်မှာထားဖို့ပစ္စည်းများသွားဝယ်ကြမှာဖြစ်တယ်

'နွယ်'

'ကိုကို ဘယ်တုန်းကပြန်ရောက်လဲ'

'မနက်ကပဲ '

ကိုကိုတစ်ယောက်မြတ်ပေးတဲ့အလုပ်မှာအသားကျပြီးအဆင်ပြေတဲ့ပုံပဲ နဂိုလိုမှုံကုတ်ကုတ်ပုံစံမဟုတ်တော့ပဲ သပ်သပ်ရပ်ရပ်ခန့်ခန့်ညားညားဖြစ်နေလေပြီ

'နင်လက်ထပ်မဲ့ကိစ္စမမလေးသိလား'

'မမလေး?'

'မြတ်ကိုပြောတာ'

'ဟင့်အင် သူပြန်လာမှပဲပြောပြတော့မယ်'

'သူတော့အံသြသွားမှာ သူနင့်အပေါ်ဘယ်လိုသဘောထားလဲနင်မသိပေမဲ့ဘေးကလူတွေအကုန်သိတယ်နွယ်
မသိတာကိုသိအောင်ပြင်ပေးလို့ရတယ် မသိချင်ယောင်ဆောင်နေတာကတော့ပြင်ပေးလို့မရဘူး'

'နွယ်ရေ ဒီမှာစောင့်နေတယ်လေ'

'လာပြီ မေမေ'

နှစ်ယောက်ဝယ်တယ်သာပြောတယ် သူ့အကြိုက်ကြီးပဲဝယ်နေခြင်းသာ

'ခွက်က ဒီအပြာလေးလှလား အနီလေးလှလားနွယ် ဘာလိုချင်လဲ'

'အပြာ'

'အနီလေးပိုလှတယ်ထင်တာအနီလေးပဲယူလိုက်မယ်'

ဆရာဝန်ဖြစ်တာတစ်ကြောင်းနှာချေတာကအစလိုက်ပွစိပွစိလုပ်လွန်းတယ်

'နွယ် အိမ်သာခဏသွားဦးမယ်'

'အင်း ပီးရင်လက်သေချာဆေးနော် အများသုံးအိမ်သာတွေကပိုးမွှားများတယ် ကို အောက်ထပ်ကမုန့်ဆိုင်မှာစောင့်နေမယ်'

ဖိနပ်ကလဲအသစ်ဖို့ဖိနပ်ပေါက်နေတယ် သိပ်ကိုနာတယ်
မြတ် မြတ်သာရှိရင် နွယ့်ကိုမျက်နှာအညှိုးခံမှာမဟုတ်
ဒါပေမဲ့လဲဆိုင်မှမဆိုင်တော့တာ သူလဲသူသက်ဆိုင်တဲ့သူ ကိုယ်လဲကိုယ်သက်ဆိုင်တဲ့သူနဲ့ပဲ
လက်ထဲကနှုတ်ခမ်းနီဘူးပြုတ်ကျလို့ကောက်ပြီးပြန်အထ
အရာအားလုံးမှောင်မိုက်သွားတယ်

သီရိမြိုင်Where stories live. Discover now