EP-19

8.9K 652 22
                                    

'မြတ် ကြီးကြီးကိုစျေးကိုဘာမှာဦးမလဲ'

'မြတ် ကျောင်းသွားရင်ပန်ရအောင် နှင်းဆီခပ်လှလှတစ်ပွင့်လိုချင်တယ် မဟုတ်ဘူး မြတ်ကိုယ်တိုင်လိုက်မယ်'

'ဖြစ်ပါ့မလား'

မြတ်က နဲနဲအနံ့သက်မကောင်းရင်တောင် ရွံတက်တဲ့သူမို့
စျေးကအနံသက်ပေါင်းစုံနဲ့မရလောက်ဘူးလို့ ကြီးကြီးတင်ထင်နေသည်

'စျေးထဲမှာကအနံသက်စုံတယ်မြတ်ရဲ့'

'ပန်းဆိုင်ကစျေးထဲမှာလား'

'စျေးဝမှာ'

'အဲ့တာဆိုမြတ် စျေးဝမှာစောင့်ကျန်ခဲ့မယ်'

'အင်း'

နဂိုဆိုလမ်းလျှောက်ကာစျေးကိုလာတက်တဲ့ကြီးကြီးတင် ခုတစ်ခေါက်မြတ်ပါသည်မို့ကားနဲ့လာတာ အားလုံးကဝိုင်းကြည့်နေကြတယ်

'မမလေး လူကကြပ်တော့ကားကဆက်ဝင်လို့မရတော့ဘူး'

'ဒါဆိုလဲဆင်းလျှောက်တာပေါ့'

ကြီးကြီးတင်နဲ့နှစ်ယောက်သားလမ်းဆင်းလျှောက်ကြတယ်
လူတွေကမြတ်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့

'သူတို့ကဘာလို့မြတ်ကိုကြည့်နေကြတာလဲ'

'မြတ်လိုလူကိုမမြင်ဖူးကြဘူးလေ'

'ဘယ်လို'

'ဒီလိုသာမာန်စျေးလေးကို နိုင်ငံခြားဖြစ်ကားကြီးစီးလာတာရော ပြီးတော့မြတ်က လှတာကို အဲ့တော့ငေးကြည့်ကြတာပေါ့'

'ကားက မြတ်တစ်ယောက်ထဲစီးနိုင်တာမှမဟုတ်တာ ဒါပေမဲ့ မြတ်လှလို့ကြည့်ကြတယ်ဆိုတဲ့အချက်ကိုတော့လက်ခံတယ်'

'အဲ့မှာပန်းဆိုင်မြတ် ကြီးကြီး စျေးဝယ်ပြီးမြန်မြန်ပြန်ထွက်လာခဲ့မယ်'

'ဟုတ်ပြီ'

မြတ်လဲပန်းဆိုင်ဆီလျှောက်သွားခဲ့တယ် ပန်းဆိုင်ကစျေးရောင်းတဲ့ကောင်မလေးကငိုက်နေသည်

'ဒီမှာ'

ငိုက်နေတဲ့ကောင်မလေးကမြတ်ခေါ်နေတာတောင်မိုးမလာ ဒါကြောင့်အသံမြှင့်ကာအော်နှိုးလိုက်သည်

' ဒီမှာ!'

'အမလေး'

အင်္ကျီခပ်နွမ်းနွမ်း ဝတ်ဆင်ထားတဲ့ကောင်မလေးက မြတ်အော်လိုက်တော့လန့်သွားတယ် ပြီးတော့ မြတ်ကိုကြောင်ကြည့်နေတယ်

သီရိမြိုင်Where stories live. Discover now