EP-12

10.5K 743 46
                                    

ကိုသုခမွန်ရဲ့ဆွဲကြိုးလေးကို ကြိုး ကြိုးစားပမ်းစားကူရှာနေပေးမိတယ် ရုတ်တရက်လှည့်အကြည့် ကြိုးကိုကြည့်နေတဲ့ သုခမွန်

'ဘာလို့လဲ ကိုသုခမွန်'
'ဘာမှမဟုတ်ဘူး ကြိုးများ အကို့ရဲ့ဆွဲကြိုးလေးကိုတွေ့ပြီလားလို့မေးမလို့'
'မတွေ့သေးဘူး'
'ဆက်ကူရှာပေးပါဦးနော် အဲ့ဆွဲကြိုးလေးကအကို့အတွက်မေမေပေးခဲ့တဲ့တစ်ခုတည်းသောပစ္စည်းလေးမို့ပါ'
'ဟုတ် ကြိုးကူရှာပေးပါ့မယ်'

ဆွဲကြိုးရှာနေရင်း ကြိုးရဲ့ရင်ဘက်ထဲနဲနဲပူစပ်ပူလောင်ဖြစ်လာသလိုခံစားနေရသည် ဘာများအစားမှားလို့လဲ မသက်မသာဖြစ်လာသည်မို့ ရင်ဘက်ကိုနဲနဲထုလိုက်တယ်

'ဘာလို့လဲကြိုး'
'နဲနဲ ရင်ဘက်ထဲတစ်မျိုးပဲ အစားမှားလို့ထင်တယ်'
'ကြိုးအဆင်မပြေရင်သွားပွဲထဲသွားပြန်ထိုင်နေလေ'
'ရပါတယ် ကးရှာပေးမယ်လို့ပြောထားတာပဲ တွေ့တဲ့ထိကူရှာပေးပါမယ် ဒါပေမဲ့ဒီနားရှာတာနှံ့နေပြီ မတွေ့ဘူး ဘယ်တွေသွားသေးလဲစဥ်းစားကြည့်ပါဦး'
'အာ အကိုအိမ်နောက်ကိုရောက်သေးတယ်'
'အဲ့ကိုသွားကြည့်ကြတာပေါ့'

လမ်းလျှောက်နေရင်း ကြိုးရင်ထဲပိုပူလောင်လာပြီး တစ်ကိုယ်လုံးလဲကျက်သီးမွှေးညှင်းထသလိုခံစားလာရသည် ခေါင်းတွေလဲရီဝေလာသည် ကိုယ့်ကိုကိုတောင်ဘာဖြစ်နေလဲကြိုးနားမလည်တော့ပါ
လမ်းလျှောက်နေတဲ့ ကြိုးခြေထောက်တွေ မြေကြီးနဲ့မှထိနေရဲ့လားကြိုးမသိ လုံးဝမရပ်နိုင်တော့တာမို့နံရံကိုလက်ထောက်ကာမှီလိုက်သည် ကြိုးခေါင်းထဲရှိနေသည်ကားမာမီ မာမီ့ကိုရှာရမည်

'ကြိုး ဘယ်လဲ'
'မာမီ့ဆီကို'
'ကို့ကိုဆွဲကြိုးတွေ့သည်ထိကူရှာပေးမယ်ဆို'
'ကြိုးနေသိပ်မကောင်းချင်နေလို့ဆက်မကူညီနိုင်တော့တာမို့တောင်းပန်ပါတယ် ခွင့်ပြုပါဦး'

ထိုနေရာကနေထွက်သွားဖို့ခြေလှမ်းပြင်လိုက်ပေမဲ့အားမရှိတော့တဲ့ခြေထောက်တစ်စုံကြောင့်မရပ်နိုင်ပဲလဲကျသွားခဲ့သည် သို့ပေမဲ့မြေကြီးပေါ်အစား သုခမွန်ရဲ့ရင်ခွင်ထဲကိုရောက်သွားသည် ကြိုး သူ့ကိုတွန်းထုတ်ကာကိုယ့်ဘာကိုရပ်တည်ဖို့လုပ်ပေမဲ့ထပ်လဲကျမလိုဖြစ်တာကြောင့်သုခမွန်ကထပ်ကူထိန်းပေးသည်

သီရိမြိုင်Where stories live. Discover now