Part - 57 ( Zg + Uni)

3.9K 237 13
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 57  )

" အိပ်တော့နော် ဒေါ်ဖြူဖြူ... မောင်ရဲ့
အားဆေးလေး မနက်ဖြန် ကျောင်းမှာ
တွေ့မယ် "

" မွ မွ... မွ မွ "

" ဟွန့်..!!  "

တစ်ဖက်က ဖုန်းဆက်ရင်းနဲ့ အနမ်းတွေ
ပေးနေခဲ့သလို လွန်ကြိုးဖြူဖြူ ကလည်း
ခေါင်ယံမှိုင်း စကားတွေကြောင့် အမြင်ကပ်သလို
ဟွန့်တစ်ချက်လုပ်​ရင်း သူမ မျက်နှာကတော့
ပြုံးရွင်နေခဲ့သည်။

ဖြူဖြူတို့ ညနေစောင်းမှ ရန်ကုန်ပြန်ရောက်ကြသည်။
ဂေဟာကို ပို့ပေးပြီးတာနဲ့ ဖြူဖြူ မာသာနဲ့
သူ့က တစ်နာရီလောက် စကားတွေ​ပြောပြီးမှ
ခေါင်​ယံမှိုင်းက ပြန်သွားခဲ့သည်။

မာသာ နဲ့ ခေါင်ယံမှိုင်းတို့ ဘာတွေပြောနေလဲ
ဆိုတာ ဖြူဖြူ မသိခဲ့။ ဘာလို့ဆို
ဂေဟာက ကလေးတွေကို ထမင်းကျွေးရင်းနဲ့
ဖြူဖြူက အလုပ်တွေရှူပ်နေခဲ့တာ​ကြောင့်​​ပေ။
သွေးသစ် နဲ့ ခြားနား တို့ကလည်း
ဖြူဖြူ ကို ကူညီပေးရှာသည်။

ကလေးတွေအတွက် လိုအပ်တာတွေ အကုန်
ဖြူဖြူ လုပ်ပေးပြီးသွားတော့ ​ခေါင်​ယံမှိုင်းက
ဖြူဖြူကို နှုတ်ဆက်ကာ ပြန်သွားခဲ့သည်။

အခုလည်း သူ အိမ်ပြန်ရောက်တဲ့အကြောင်း
ဖြူဖြူ ကို ဖုန်းဆက်လာရင်း မနက်
ကျောင်းမှာ တွေ့မယ်လုပ်နေလေသည်။

ကျောင်းဆိုမှ ဖြူဖြူတို့ ကျောင်းမတက်တာ
သုံးရက်ရှိသွားပြီလေ။ ကျောင်းရောက်
ရင် ဖြူဖြူတော့ အငေါက်ခံရလိမ့်မည်။

ဒါကြောင့် မနက်ဖြန်တော့ လုံးဝ ပျက်လို့ မဖြစ်။

" ဒေါက်... ဒေါက်... ဒေါက်... !! "

" ဖြူလေးရေ... ဖြူလေး ..မာသာ ကို
တံခါးလာဖွင့်ပေးပါအုံး "

" ဟုတ် မာသာ ဖြူဖြူ လာပြီနော် "

မာသာက အခန်းတံခါးဖွင့်ပေးဖို့ ခေါက်နေသဖြင့်
လူက အမြန်အိပ်ရာပေါ်ကနေ ထပြီး
တံခါးဖွင့်ပေးဖို့ သွားလိုက်သည်။

" ကျွီ... "

" မာသာ ညောင်းလို့လားဟင် ဖြူဖြူဆီ
လာတာ...ဒါဆို ဖြူဖြူ နှိပ်ပေးမယ်လေ "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now