Part - 62 ( Zg + Uni)

3.9K 227 11
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 62  )

ရေဘူးဝယ်​ပြီး ဆိုင်​က ထွက်​လာတုန်းရှိ​သေး
တွေ့လိုက်​ရ​သော လူ​ကြောင့်​ ဖြူဖြူ
ခြေလှမ်း​တွေက တုံ့ခနဲရပ်​သွားရသည်​။
နောက်​မှာက  သူ့ သမီး ချစ်​သည်းမာန်​ ပါ
ရှိ​နေ​လေသည်​။

-
-
-
-
-
-
-

"  ကျမ ဘယ်နှခါပြောရမလဲ ကျမကို
သမီးလို့ လာမခေါ်နဲ့လို့...!!
ရှင့် အိမ်မှာလည်း ကျမ သေတောင်
မနေဘူးဆိုတာ ပြောပြီးသွားပြီနော် "

" တွေ့လား မာမီ... ဒီကောင်မ မာမီကို
ရိုင်းစိုင်းနေတာ ချစ်သည်း ပြောသားပဲ
ဒီ ဒွိလိင်မကို အိမ်မခေါ်ပါနဲ့လို့
သူ့က မိဘကိုတောင် သိတတ်တဲ့ သူမဟုတ်ဘူး
ဒီလောက်တောင် မိုက်ရိုင်းနေတာ "

" ချစ်သည်း... မာမီတို့ ဝင်ပြောနေတာ
သမီး ဝင်မပါနဲ့ နောက်ပြီး အဲ့ဒါ သမီး အစ်မနော်
သမီး ငရဲကြီးမယ် "

" ဒါပေမဲ့ သူ့  က.... "

" တော်စမ်း ချစ်သည်းမာန်. .မာမီ စကားကို
နှစ်ခါမပြောချင်ဘူးနော် "

ဒေါ်ကြည်ဖြူခင် ပိတ်ဟောက်လိုက်မှ ချစ်သည်းမာန်
ငြိမ်ကျသွားသည်။

သို့သော် သူမရှေ့က လွန်ကြိုးဖြူဖြူ ကိုတော့
မကျေနပ်သေးပေ။

အ​စောပိုင်းတုန်းက လူသိပ်​မရှိ​ပေမဲ့ ဒါ​ပေမဲ့
စကား​ပြောတာက ပို၍ကျယ်​လာ​တော့
လူ​တွေဝိုင်းအုံလာကြပြီး  လွန်​ကြိုးဖြူဖြူ
တို့ အခြေအနေကို ကြည့်နေကြလေသည်။

" မာမီ တောင်းပန်ပါတယ် သမီးရယ်..
အိမ်ပြန်လိုက်ခဲ့ပေးပါနော်။ သမီးကို မာမီ
တကယ် စောင့်ရှောက်ပေးချင်လို့ပါ "

" မခေါ်နဲ့လို့ ကျမကို သမီးလို့...
ရှင့်က ကျမ အမေ မဟုတ်ဘူး
လူစိတ်မရှိတဲ့ မိန်းမ၊  ရှင့် ယောင်္ကျားနဲ့
ရှင်လည်း အတူတူပဲ "

" ဟယ် မိုက်ရိုင်းလိုက်တာ ဒွိလိင်မက
ကိုယ့် အမေကိုယ် ပြန်ပြောနေတာ... "

" ဟုတ်ပါ့ဟယ် စိတ်ပျက်စရာကြီး..
ကျောင်းက ကွင်း ချစ်သည်းမာန်လေးတော့
သွားပါပြီ ဒီလိုဆိုးသွမ်းတဲ့ ယောက်ျားမဟုတ်
ဘာမဟုတ်ကို အစ်မ တော်ရတော့မယ် "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now