Part - 65 ( Zg + Uni)

4.1K 225 7
                                    


☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 65  )

တစ်ပတ်ကြာပြီးနောက်.........

" မင်းတို့ စဉ်းစားကြည့်လေ ပြောတော့
ခဏလေးတဲ့ အခုတော့ တစ်ပတ်ရှိသွားပြီ...
ငါ့မှာ လွမ်းဆိပ်တက်ပြီး သွားတွေ့တော့လည်း
ခဏလေးပဲ တွေ့ခွင့်ရတယ်....."

စိတ်ပျက်လက်ပျက် ဖြစ်နေတာတောင်မှ
ခေါင်ကြီး ပုံစံက တစ်စက်ကလေးမှ
ချောမောမှုတွေ ကျဆင်းလို့ မသွား။

" အေးပါ သိပါတယ် မင်းနေ့တိုင်း
မင်းဘားမှာ ညည်းနေမှတော့...
မဖြူကလည်း အကြာကြီးမဝတ်လောက်ပါဘူး
ခဏပဲ နေမှာပါ  "

ခြားနား စကားကြောင့် ခေါင် ဘာရယ်မဟုတ်
ရင်ထဲ နည်းနည်းစိတ်သက်သာရာရမိသည်။
သို့သော် ခြားနား လင်ရဲ့ စကားကြောင့်
မျက်ခုံးတွေ တွန့်ကွေးသွားရသည်။

" တစ်ပတ်ပဲ ရှိပါသေးတယ်ဟာ
မဖြူဖြူ သီလရှင်ဝတ်တာ...
ဒီတော့ ထွက်လာဖို့က လမ်းမမြင်သေးဘူး
ဒါကြောင့် မင်း စိတ်ကို လျှော့ထား ခေါင်ကြီး
ဟိုက သီလယူနေတာနော်
တော်ကြာ မင်း ငရဲကြီးနေမှ ဒုက္ခ.. "

" အေး သိတယ် မအေဘေး ငရဲကြီးမယ်ဆိုတာကို...
ဒါပေမဲ့ အခုတော့ ငါ မြတ်နိုးရတဲ့
ဆံပင်လေးကို ဆုံးရှူံးလိုက်ရပြီ...
ငါလည်း အထီးကျန်နေတာ တစ်ပတ်ရှိနေပြီ
ဒါတွေ ဒေါ်ဖြူဖြူ မသိဘူး အစကတည်းက
တစ်ပတ်လောက်ကြာမယ်မှန်းသာ သိရင်
သီလရှင် ဝတ်ဖို့ ခွင့်ပေးခဲ့မှာ မဟုတ်ဘူး..
သွားတွေ့တော့လည်း ငါ့ကို ဒကာလေးတဲ့
သူ့ကိုယ်သူ ဆရာလေးတဲ့ အဲ့ဒီလိုအချိန်တွေ
တိုင်း ငါ့မှာ အံကြိတ်ပြီး ပြန်လာခဲ့ရတာ
ဒါတင်မကသေးဘူးနော် သူရဲ့  ဆရာလေး
နာမည် အရှင်မဏိဒေယ ကပါ
ခေါ်ခိုင်းလိုက်သေး "

" ဟားဟား...ဟားဟား.. .ဟားဟား "

" ဟားဟား....ဟားဟား "

ဒီတစ်ခါတော့ နှစ်ယောက်လုံး မသနားနိုင်ဘဲ
ရယ်လိုက်မိကြသည်။ ထိုအခါ ခပ်စိမ်းစိမ်း
ကြည့်လာသော ကိုယ်တော်ချောရဲ့ မျက်ဝန်းက
နီရဲနေတော့ ဆက်ပြီး မရယ်ရဲတော့။

" အဟမ်း.. အဟမ်း ကိုယ်တို့က ဒီတိုင်း
ရယ်တာနော့် အချစ်ကလေး...
ဒီတိုင်း ဘာရယ်မဟုတ် ရယ်လိုက်တာနော့ "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now