Part - 64 ( Zg + Uni)

4K 220 10
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 64  )

" ကျောင်းထဲ ရောက်ရင် သိရလိမ့်မယ် ကြည်ဖြူ..
အခု မြန်မြန်လာ ငါတို့ နောက်ကျနေပြီ "

ပြောလည်းပြော ရှေ့ကနေ ခြေလှမ်းကြဲကြီးနဲ့
သွားနေသော ဦးနိုင်စေမာန် ကြောင့်
နောက်က သုံးယောက်မှာ သူ့ နောက်ကို
အမြန်လိုက်နေရသည်။

ဦးနိုင်စေမာန် ရဲ့ ခြေလှမ်းတွေ မြန်သလို
သူ့  ရင်ထဲလည်း မကြာခင် ခေါင်ယံမှိုင်း
နဲ့ လွန်ကြိုးဖြူဖြူ အလောင်းကို တွေ့
ရတော့မှာ ဖြစ်တဲ့အတွက် သိပ်ကို
တက်ကြွလို့ နေ၏ ။

" ဟင်.. ရဲကားတွေ ဘာဖြစ်တာလဲ
မသိဘူး.. ကြည့်ရတာ ကျောင်းမှာ
လူ​သေလို့လားမသိဘူး "

" ဟုတ်လောက်တယ် ဆုမြတ်..
ဘယ်သူ သေတာလဲ မသိဘူး "

" ကျောင်းထဲက တစ်ယောက်ယောက်
သေတာဆိုရင်တော့ သနားပါတယ်..
သူတို့လေး မိဘတွေအစား "

ဒေါ်ဆုမြတ်ရှင်၊ ဒေါ်ကြည်ဖြူခင် နဲ့ ဦးနေယံ
တို့က ရဲကားတွေ ပတ်ပတ်လည်ကို
မြင်ပြီး ပြောနေကြပေမဲ့ ဦးနိုင်စေမာန်
ကတော့ စိတ်ထဲက ကျေနပ်အပြုံးတွေနဲ့
တိတ်ဆိတ်နေလေသည်။ ဘာမှကို
ဝင်​မ​ပြော။

ဒီလိုနဲ့ ရဲကားတွေ အနားရောက်တော့
ကျောင်းသူ/ ကျောင်းသားအုပ်ကြီး၊ တက္ကသိုလ်က
ဆရာ/ ဆရာမတွေ အားလုံးကို သူတို့ အားလုံး
တွေ့လိုက်ရသည်။

" ပါချုပ်ကြီး အလောင်းတွေက ဘယ်ဘက်မှာ
လဲဟင် "

ပါချုပ်​ကြီးကို မြင်​တာနဲ့ ဦးနိုင်​​စေမာန်​ ဆီက
အသံထွက်​လို့လာသည်​။

ဦးနိုင်စေမာန် ဆီက မေးခွန်းကြောင့် သူနဲ့အတူ
ပါလာတဲ့ ဦး​နေယံတို့ သုံးယောက်မှာ​တော့
နားမလည်သလို ဖြစ်သွားလေသည်။

ဆရာမတွေနဲ့ အတူ ရပ်နေသော ပါချုပ်ကြီးမှာမူ
ဦးနိုင်စေမာန် ကို ကြည့်ကာ အသက်ကို
ဝဝရှူလိုက်ရင်း... .

" ကိုနိုင်စေမာန်.. .ရှင်​ စိတ်ကို
ခိုင်ခိုင်ထားပါနော် ကျမ စိတ်မကောင်း
ပါဘူး ...ရှင့် သမီး ချစ်သည်းမာန်
ဆုံးသွားပါပြီ "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now