Unicode 🌻🌻
အခန်း၂
ချစ်လိပ်ပြာလေး တဝဲလည်လည်လွန်ခဲ့သော၉နှစ်🦋
ဖေဖော်ဝါရီ14ရက် ချစ်သူများနေ့🦋
မုန့်စားဆင်းချိန်ဖြစ်တာကြောင့် စာသင်ခန်းထဲမှလွဲ၍ ကျောင်း၀န်းရဲ့နေရာတိုင်းမှာ ကျောင်းသားများ စုန်ချီ ဆန်ချီသွားလာလှုပ်ရှားနေကြလေသည်။
လိပ်ပြာကတော့ ဆယ်တန်းSခန်းရဲ့အရှေ့မှာ အနွေးထည်လေးကိုလက်ကပိုက်ရင်း
အခန်းထဲကိုအကဲခတ်နေမိသည်။"အစ်ကို..အစ်ကို..ဒီကအစ်ကို..."
ထွန်းဝေမောင်တစ်ယောက် စာသင်ခန်းထဲကထွက်မလို့ကြံခါရှိသေးတယ် ခေါ်သံကြားလို့လှည့်ကြည့်လိုက်ရာ တံခါးနောက်မှာ ကွယ်ပြီးလှမ်းခေါ်နေတဲ့ကောက်မလေးကိုတွေ့လိုက်ရသည်။
"ညီမ..ကိုကြီးကိုခေါ်တာလား..."
"ဟုတ်..ဟို..မေးစရာရှိလို့..."
"မေးလေ..ဘာမေးချင်လို့လဲ..."
"ဟိုး..ပြူတင်းပေါက်နားမှာထိုင်နေတဲ့ကိုကြီးကိုတွေ့လား..."
ထိုကလေးမလက်ညှိုးထိုးရာဆီသို့ကြည့်လိုက်ရာ ပြူတင်းပေါက်အပြင်ကို ထိုင်ငေးနေသည့် ကိုလူချောကိုတွေ့ရလေသည်။
ဒီနေ့ကဖေဖော်ဝါရီ၁၄ရက် ချစ်သူများနေ့ဆိုတဲ့အတိုင်း ကိုယ်တွေသာအချစ်မခံရတာ ဒီကောင်ကြီးကတော့ ရှယ်ကိုချစ်ခံနေရတာပါ။
မနက်ထဲက ချောကလက်တွေ၊ပန်းစည်းလေးတွေ၊လက်ဆောင်ကဒ်တွေဆိုတာ အားတိုင်းလာလာပေးနေကြသလိုပဲ။
မိန်းကလေးတွေကလဲ ကမ္ဘာပေါ်မှာအထီးဆိုလို့ဒီတစ်ကောင်ထဲ ရှိတယ်ထင်နေကြလားမသိဘူး။
ဒီကိစ္စကတော့ အခန်းထဲကအထီးတွေအားလုံးဒေါပွနေတဲ့ကိစ္စပါပဲ။
ကိုယ့်ကိုကိုယ် ယောက်ျားရောစစ်ရဲ့လားလို့ သံသယ၀င်နေကြတဲ့အထိပါ ဖြစ်ကုန်ကြပြီ။
"အစ်ကို့..ဒီကအစ်ကို.."
"ဟင်..အော်..ဆောရီးနော်ကိုကြီးအတွေးလွန်သွားလို့.."
"ဟုတ် ရပါတယ်..ညီမမေးတာဖြေအုံးလေ.."
"အင်း..ညီမမေးတာမဖြေခင် ကိုကြီးတစ်ခုလောက်အကြံပေးချင်တယ်.."
YOU ARE READING
ချစ်လိပ်ပြာလေး တဝဲလည်လည်
Romance"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...