Unicode အခန်း၁၃

3.5K 274 6
                                    

        ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း၁၃

ညနေစောင်းနေ၍ လိပ်ပြာဖြူကိုထမင်းစားရန်ဘကြီးလှစိန်ကအခေါ်ခိုင်းလိုက်ရာ သူအိပ်ခန်းထဲသို့ ၀င်လာမိသည်။

"အာ...ဆောရီး..."

အခန်းထဲ၀င်လာလာချင်း ထမီရင်လျှားနဲ့သူမကြောင့် ချက်ချင်းပဲ မျက်နှာလွှဲပြစ်လိုက်သည်။
သရဲတောင် ကြောက်တတ်ရမှန်းမသိပေမဲ့။
ဒါမျိုးကျတော့ ရင်တွေပန်းတွေပါတုန်သွားရသည်။
သက်ပြင်းတွေလည်း အကြိမ်ကြိမ်ချနေရတဲ့ အဖြစ်ရောက်နေသည်။

ရုတ်တရက်အခန်းထဲ ၀င်လာတဲ့သူ့ကြောင့် လိပ်ပြာပုဆိုးတစ်ထည်ကို ကောက်ခြုံလိုက်ရသည်။

"ရှင်.. အခန်းထဲ၀င်လာတာ..အသံလေးဘာလေးပေးပါအုံးလား..."

"ဆောရီး ကိုယ်တောင်းပန်ပါတယ်..."

တောင်းပန်ပါတယ်လည်း ပြောသေးတယ်အခုထိ မသွားသေးတဲ့ သူ့ကိုရှက်ဒေါသကအတော်ထွက်လာသည်။

"အဲ့မှာ ဘာရပ်လုပ်နေတာလဲ..ရှင်အခုထိ မသွားသေးဘူးလား.."

"အာ..ဟုတ်..ဟုတ်သားပဲ..."

အတင်းပဲ ကြမ်းပြင်ကြီးတောင် တစ်ဂျုန်း
ဂျုန်းမြည်အောင် ပြေးထွက်သွားတဲ့ သူ့ကြောင့်လိပ်ပြာလည်း မျက်နှာတွေပူနေမိသည်။

ခဏအရှက်ပြေနေပြီးနောက်  အိမ်ရှေ့သို့ထွက်လာလိုက်သည်။
ဘကြီးလှစိန်နဲ့ ကိုဘုန်းမြတ်က အိမ်ရှေ့
ကွပ်ပစ်မှာစကားပြောနေကြတော့ ဘကြီးလှစိန်ကိုမေးဖို့ မြန်းဖို့တောင် ရှက်အမ်းအမ်းဖြစ်နေရသည်။

"လုံမလေး..ရေသွားချိုးမလို့လား..."

"ဟုတ်တယ်ဘကြီး အဲ့ဒါ..ရေချိုဘယ်နားမှာရှိလည်း လိပ်ပြာကိုညွှန်းပါလားဟင်..."

"ဟ..ပင်လယ်ကြီးတစ်ခုလုံးရှိနေတာသွား
မချိုးပဲ ဘယ့်နှယ်ရေချိုလိုက်ရှာနေတာလဲ..."

"ဒီမှာ ကျွန်မဖာဟာဘယ်ရေနဲ့ ချိုးချိုးပေါ့ ရှင့်အပူလား..."

မာန်ဆောင်‌နေတဲ့ နှစ်ယောက်ကြောင့်ဘကြီး
လှစိန်လည်း အနီးမှာဆော့နေကြတဲ့ ကရင်ကလေးငယ်တွေကို သူတို့ဘာသာစကားနဲ့
တောထဲမှ စိမ့်စမ်းချောင်းဆီသို့လိုက်ပို့ရန်ပြောလိုက်သည်။

ချစ်လိပ်ပြာလေး တဝဲလည်လည်Where stories live. Discover now