U/Z အခန်း၃ အခန္း၃

4.2K 189 6
                                    

                                အခန်း၃
          ချစ်လိပ်ပြာလေး တဝဲလည်လည်

Unicode 🌻

၂၀၁၈ခုနှစ်

အဲယားကွန်းခန်းလေးထဲမှာနေရတာ အေးစိမ့်နေပေမဲ့ လိပ်ပြာရဲ့ရင်ထဲမှာတော့ တော်တော်ပူနေသည်။
အင်တာဗျူးတဲ့လူကြီးတွေက လိပ်ပြာရဲ့CVဖောင်ကို တစ်ရွက်လှန်ရင် ရင်ဘတ်ထဲကနှလုံးက တစ်ခါထထခုန်နေသလိုပါပဲ။

"လိပ်ပြာဖြူနော်.."

"ဟုတ်ပါတယ်ရှင်.."

"အင်း..မလိပ်ပြာဖြူရဲ့ အချက်အလတ်တွေက အန်ကယ်လ်တို့လိုအပ်နေတာနဲ့ကွက်တိပါပဲ..ဒါပေမဲ့ ဘာလို့အန်ကယ်တို့လုပ်ငန်းမှာ လာလျှောက်ရတာလဲ..အန်ကယ်တို့လုပ်ငန်းက အခုမှစထောင်တာကြောင့်..ခဏလေးနဲ့အလုပ်ထွက်ခွင့်မရှိဘူးနော်..အနည်းဆုံး..၆လစာချုပ်နဲ့လုပ်ရမယ်..၆လအတွင်းမှာ..အလုပ်ထွက်ခွင့်မရှိဘူး..လစာကလည်း..သေချာပေါက်ကျေနပ်စေရမယ်.."

အန်ကယ်လ်ကြီးက အတည်ပေါက်နှင့် တစ်ချက်ချင်းဆီပြောသွားတာကြောင့် လိပ်ပြာလည်း
ခန္ဓာကိုယ်ကို မတ်လိုက်ပြီး လုပ်နိုင်၊ကိုင်နိုင်ကြောင်းပြရလေသည်။

"စိတ်ချပါ..ဆရာ..ကျွန်မကလုပ်ငန်းတစ်ခုကိုခဏလေးနဲ့ထွက်တတ်တဲ့လူမဟုတ်ပါဘူး..အရင်အလားတူအလုပ်မှာ၃နှစ်လောက်လုပ်ခဲ့ပါတယ်..အဲ့သူဌေးက..အခြားရင်းနှီးမှုအတွက်..ပိတ်လိုက်တာကြောင့်ပါ..ကျွန်မတကယ်လုပ်နိုင်ကြောင်းကို အလုပ်နဲ့သက်သေပြနိုင်ပါတယ်ဆရာ.."

"ကောင်းပြီ..ဒါဆိုအန်ကယ်လ်တို့ဆက်သွယ်တာကိုစောင့်ပေးပါ.."

"ဟုတ်ကဲ့ရှင့်..."

အခန်းထဲကထွက်လိုက်မှပဲ ရင်ထဲကအလုံးကြီးကျသွားတော့တယ်။

ကြည့်ရတာအဆင်ပြေတော့မဲ့ပုံပဲ။
သူငယ်ချင်းတွေကို ညနေကျရင်ဟော့ပေါ့လုပ်ကျွေးရန် ကြိုတင်သတင်းကောင်းပါးဖို့ ဖုန်းကိုထုတ်ပြီး နှိပ်လိုက်သည်။

"အမယ်လေး.."

"အု...မင်း.."

"လုပ်..လုပ်ပါအုံး.."

ဖုန်းဆက်နေရင်းနှင့် ဒေါက်ဖိနပ်က ချော်ပြီး လူကရှေ့ကိုဟပ်ထိုးလဲလေရာ ရှေ့မှလာနေတဲ့လူတစ်ယောက်ရဲ့ ၀မ်းဗိုက်တည့်တည့်ကို ခေါင်းနဲ့လိုက်ခွေ့သလိုဖြစ်သွားသည်။

ချစ်လိပ်ပြာလေး တဝဲလည်လည်Where stories live. Discover now