U/ Z အခန်း၁၁ အခန္း၁၁

3.4K 171 14
                                    

🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
အခန်း၁၀

ရန်ကုန်မှ ကော့သောင်းသို့လေယာဉ်ဖြင့် နှစ်နာရီကြာစီးရလေသည်။
လေယာဉ်ပေါ်မှ ဆင်းဆင်းခြင်းပဲ သက်ဆိုင်ရာ အာဏာပိုင်လူကြီးတစ်ချို့ကလည်း လာရောက်စောင့်ဆိုင်းနေကြ‌သည်။
လိပ်ပြာတို့အတွက် တည်းရန်ဟိုတယ်ကလည်း အဆင်သင့်ပါပဲ။
ဟိုတယ်ကိုရောက်ရောက်ခြင်းပဲ လိပ်ပြာအဖို့ လေယာဉ်စီးတုန်းက စိတ်လှုပ်ရှားခဲ့တာကြောင့် ပင်လယ်ပြာကြီးကိုတောင် မကြည့်နိုင်ပဲ တန်းအိပ်ပစ်လိုက်သည်။

"တီ...တီ..တီ..တီ..."

ဖုန်းသံကြောင့် အိပ်နေရာမှ လန့်နိုးသွားပြီး ကြည့်လိုက်တော့ ဟိုလူကြီးဖြစ်နေသည်။

"ဟယ်လို..."

"လိပ်ပြာဖြူ..နေလယ်စာ စားဖို့ထွက်လာခဲ့ ပြီးရင်ဘိုချိုကျွန်းကိုသွားရမယ်.."

"ဟုတ်ကဲ့ လိပ်ပြာအခုပဲထွက်လာပါ့မယ်..."

အမြန်ရေချိုးခန်းသို့၀င်ကာ မျက်နှာသစ်၊သွားတိုက်ပြီး မိတ်ကပ်တောင်လိမ်းမနေတော့ပဲ အခန်းထဲမှ အမြန်ထွက်လာလိုက်သည်။

ဟိုတယ်အရှေ့ကိုထွက်လာတော့ သူကကားဘေးမှာ ရပ်ပြီးစောင့်နေသည်။
တိုက်ဆိုင်လွန်းသည်က သူနဲ့လိပ်ပြာက ၀တ်စုံဆင်တူဖြစ်နေသည်။

လိပ်ပြာက စတိုင်ပန်အနက်နှင့် တီရှပ်အဖြူရောင်ကို တွဲဖက်၀တ်ထားသလို သူကလည်း စတိုင်ပန်အပွအနက်နှင့် ကော်လံပါတီရှပ်အဖြူကိုပဲ ၀တ်ထားလေသည်။
အများကမြင်ရင် စုံတွဲတွေလို့ထင်နိုင်သည်။

သူကလိပ်ပြာဘက်သို့ ကြည့်လာရာ လိပ်ပြာနည်းတူအံ့ဩသွားပုံရသည်။

"ဟိုလေ..လိပ်ပြာပြန်လဲ လိုက်ရမလား.."

"မလိုပါဘူး..ကားပေါ်တက်..."

ဒီနေ့မှ ကော့သောင်းကိုရောက်တယ် ဘယ်ကနေဘယ်လိုကားဌားလိုက်မှန်းမသိဘူး။
လိပ်ပြာအိပ်နေစဉ်အတွင်းမှာ သူဘာတွေများလုပ်နေခဲ့တာပါလိမ့်။

စားသောက်ဆိုင်ကိုရောက်တော့ ရှယ်ရာရှင်လူကြီးတွေနှင့် ဦးဘုန်းမြတ်ရဲ့ အတွင်းရေးမှူးတစ်ယောက်က ကြိုရောက်ပြီးစားသောက်နေနှင့်ကြသည်။
ဒါဆို သူကလိပ်ပြာကို သီးသန့်စောင့်ပြီးခေါ်တာပေါ့။
လိပ်ပြာထိုင်ခုံတစ်ခုမှ ၀င်ထိုင်လိုက်ပြီး သူ့ကိုအားနာစွာကြည့်လိုက်သည်။

ချစ်လိပ်ပြာလေး တဝဲလည်လည်Where stories live. Discover now