ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း၂၂"ဟင်.. တံခါးကဘာလို့ ပွင့်နေတာလည်း ငါပိတ်ခဲ့တာသေချာပါတယ်...လိပ်ပြာများရောက်နေတာလား..."
ဘုန်းမြတ်ဟာ သူ့ဒယ်ဒီရဲ့အိမ်ကိုမပြန်ချင်တဲ့ အခါတိုင်း အင်းယားလမ်းမှဒီအဆင့်မြင့်ကွန်ဒိုကြီးတွင် လာနေလေ့ရှိသည်။
ဒီကွန်ဒိုလိပ်စာကို သူ့သူငယ်ချင်း၊မိတ်ဆွေတွေကိုတောင်ပေးမသိထားပါဘူး။
လိပ်ပြာလေးတစ်ယောက်ထဲကိုသာ မနက်ကသူသော့အပိုတစ်ချောင်းပေးထားတာပဲရှိတယ်။
အခန်းထဲကို ၀င်လိုက်တော့ အခန်းမီးတွေအားလုံးကလည်း သူပိတ်ထားခဲ့တဲ့အတိုင်းပါပဲ။အခန်းကပြူတင်းလိုက်ကာတွေအားလုံးချထားတာကြောင့် မှီးမဖွင့်ထားရင် နေ့အလင်းမ၀င်ပဲ မှောင်နေတတ်သည်။"ချလောက်..."
ဧည့်ခန်းနဲ့ လျှောက်လမ်းမီးတွေကို ဖွင့်လိုက်ပြီးနောက် နက်တိုင်ကို ဖြေလျှော့ကာချွတ်ပစ်လိုက်ရင်း အိင်္ကျီအပေါ်ကြယ်သီးကို နှစ်လုံးလောက်ဖြုတ်လိုက်သည်။
အလုပ်အိတ်ကို စင်ပေါ်မှာတင်လိုက်ပြီးနောက် ရေသောက်ရန် မီးဖိုခန်းထဲသို့၀င်လာလိုက်သည်။"လိပ်ပြာ..."
ဘုန်းမြတ်မယုံကြည်နိုင်လွန်းစွာ ပါးစပ်မှထွက်သွားတဲ့ အသံကနည်းနည်းကျယ်သွားသည်။
မနက်ကမှ သူကိုယ်တိုင် အိမ်ပြန်လိုက်ပို့ပေးထားတဲ့ကောင်မလေးက အခုတော့သူ့ထမင်းစားပွဲပေါ်မှာ လက်ကိုကွေးတင်ပြီး ထိုလက်ပေါ်မှာမျက်နှာမှောက်ကာ အိပ်နေတဲ့ ပုံစံလို ငြိမ်လွန်းလှသည်။အခုမှပဲသူသတိရတယ်။ ခုဏကအခန်းတံခါးဖွင့်ဖွင့်ချင်း ထောင့်တစ်ခုမှာ အမှုမဲ့အမှတ်မဲ့ဖြစ်ခဲ့တဲ့အရာက လက်ကေ့ကြီးတစ်ခုပဲ။
သေချာတယ် သူမရဲ့သူငယ်ချင်းတွေနဲ့တစ်ခုခုဖြစ်လာတာပဲနေမယ်။"လိပ်ပြာ...လိပ်ပြာ...ဒီမှာမအိပ်နဲ့လေ
...လိပ်ပြာ...အခန်းထဲမှာသွားအိပ်လေကွာ..."သူမရဲ့ပုံခုံးလေးကို ခပ်ဖွဖွလေး လှုပ်ပေးလိုက်တာနဲ့ ခန္ဓာကိုယ်သေးသေးလေးကလှုပ်ရွလာပြီး
မပွင့်သေးတဲ့ မျက်လုံးလေးတွေကို လက်နဲ့ပွတ်သပ်ကာ သူ့ထံသို့ မျက်မှေးလေးနဲ့ကြည့်လာသည်။
BẠN ĐANG ĐỌC
ချစ်လိပ်ပြာလေး တဝဲလည်လည်
Lãng mạn"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...