U/Zအခန်း၃၉

2K 75 2
                                    

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၃၉

နှစ်လခန့်ကြာပြီးနောက်🍁🍂🍂🍁

လိပ်ပြာရဲ့အဝေးတစ်နေရာကို ကိုကိုထွက်သွားခဲ့တာ နှစ်လတောင်ပြည့်ပါတော့မယ်။ထွက်သွားသူထက်မျှော်ပြီး ကျန်ခဲ့ရသူက ပိုရင်မောရ၊ပိုလွမ်းရတယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ သိပ်ကိုမှန်ပါတယ်။
ကိုကိုစင်္ကာပူကို ထွက်သွားတဲ့နေ့က လိပ်ပြာအိမ်မှာမရှိခဲ့တာကြောင့် နှုတ်ဆက်စကားလေးတောင်ပြောခွင့် မရလိုက်တာသိပ်ကို၀မ်းနည်းဖို့ကောင်းတာပဲ။ကိုကိုရယ် အခုချိန်န်မှာဘယ်နေရာကိုများသွားနေမလဲ၊ဘာတွေများလုပ်နေမလဲဆိုတာ လိပ်ပြာသိချင်စမ်းပါရဲ့။ဒါပေမဲ့ လိပ်ပြာကိုကိုနဲ့အဆက်အသွယ် မရတာလည်း နှစ်လတင်းတင်းပြည့်ပါတော့မယ်။

သတ်မှတ်ထားတဲ့ မင်္ဂလာဆောင်ရက်က  မနက်ဖြန်ဆိုရင်ပဲ ရောက်တော့မယ် သတို့သားလောင်းက အခုထိအရိပ်အရောင်တောင်မမြင်ရသေးတာကြောင့် ရပ်ကွက်ထဲက လူတွေကလည်း အရှေ့မှာတစ်မျိုး ကွယ်ရာမှာတစ်မျိုး ဝေဖန်ကဲ့ရဲ့နေကြပြီ။

လိပ်ပြာ အိမ်အပြင်ကိုထွက်လိုက်တိုင်း သူများအတင်းကိုပြောတဲ့နေရာမှာ ထမင်းစား၊ရေသောက်သလိုဖြစ်နေကြတဲ့ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် လက်တို့ပြီးတီးတိုးဝေဖန်ကြလေသည်။

"ဟဲ့...ဟိုကောင်မလေးက...ဒေါ်မြဖြူ သမီး
မလား..."

"အေးလေ...နင်ကလည်း သူ့ကိုယူမဲ့ယောက်ျားကပစ်သွားတာတဲ့အေ့...မင်္ဂလာဆောင်ဖို့ကို ဖိတ်စာတစ်ခြမ်းကရိုက်ပြီးသွားပြီး ဟိုကနိုင်ငံခြားကို
..ထွက်သွားတာတဲ့အေ...ပြန်ကိုမလာတော့ဘူး..ဟိုကကျိကျိတက်ချမ်းသာတဲ့ သူဌေးတဲ့.."

"ဟယ်...ဒါကြောင့်မို့လို့လဲ ပစ်သွားတာနေမှာပေါ့ဟယ်...လူဆိုတာ သူ့အိုးနဲ့သူ့ဆန် တန်ရုံပဲရွေးတတ်ရမှာပေါ့...၀မရှိပဲဝိလုပ်ပြီး အမြင့်ကိုတတ်ချင်ရင်တော့ ပြန်ကျတဲ့အခါ အကျနာမှာထုံးစံပါ‌ပဲအေ..."

"အေးလေဟယ်..."

လူတွေဟာ ကိုယ့်အလုပ်ကိုပဲ စိတ်၀င်စားတတ်ကြရင် သေချာပေါက်တိုးတတ်မှာပဲ ။လိပ်ပြာရဲ့အရှေ့မှာတောင် ကဲ့ရဲ့တတ်ကြတဲ့လူတွေကို သိပ်ကိုရွံမုန်းတာပဲ။
အသဲထဲကနေလည်း တဆစ်ဆစ်နာတယ်။
တစ်ချို့လူတွေက အပြစ်မြင်ပြီးဝေဖန်ကြသလို တစ်ချို့လူတွေကြတော့ သနားဂရုဏာသက်ဟန်ဆောင်ပြီး ကွေ့၀ိုက်သောနည်းနဲ့ ကဲ့ရဲ့ကြပြန်ရော။

ချစ်လိပ်ပြာလေး တဝဲလည်လည်Where stories live. Discover now