ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း၁၈"သားဘုန်းမြတ်...သားအိတ်တွေကိုရှင်းရင်းနဲ့ ဘောင်းဘီအနက်တစ်ထည်ရဲ့ အိတ်ကပ်ထဲမှာ ဒါလေးတွေ့တယ်...အန်တီယဉ်...လျှော်လိုက်ရမလား...လွှင့်ပစ်လိုက်ရမလားဟင်...."
သူ့အခန်းကျယ်ကြီးထဲက မွှေ့ယာပေါ်မှာ မျက်လုံးမှိတ်ရင်း ခဏမှေးနေရာမှ ဒေါ်ယဉ်မေ၏ အသံကြောင့် ဘုန်းမြတ်လန့်နိုးသွားသည်။
"ဘယ်ဟာလဲ..."
"ဒီမှာပါသား...."
"ဟင်...ပေး...ကျွန်တော့်ကိုပေးစမ်း...."
ဒေါ်ယဉ်မေရဲ့လက်ထဲမှ ထိုအရာလေးကို သူသေချာကြည့်မိတော့မှ တစ်ခုခုကိုသွားသတိရမိလိုက်သည်။သူ့အာရုံထဲကို ရပ်တန့်ပစ်၍မရအောင်၀င်လာတဲ့ ထိုအဖြစ်အပျက်ကြောင့် နောင်တကြီးစွာ ကိုယ့်နှဖူးကိုယ်ပြန်ရိုက်ရသည့်အဖြစ်။
"ဟာ သွားပါပြီကွာ...ဒါဆိုတကယ်ပေါ့..."
"ဟင်...ဘာသွားတာလဲ သား..."
"ဟို...ဘာမှမဟုတ်ပါဘူး...ဒေါ်ယဉ်မေလုပ်စရာရှိတာသွားလုပ်ပါ..."
"အေးပါကွယ်..."
ဒေါ်ယဉ်မေအခန်းထဲမှ ပြန်ထွက်သွားသည်နှင့် မွှေ့ယာပေါ်ပြန်လှဲချလိုက်ပြီး ကရင်ခေါင်းစည်းပဝါ
စလေးကို လေထဲမှာဝေ့ရမ်းကာ သေချာကြည့်လိုက်မိသည်။မီးပုံပွဲကျင်းပတဲ့ညက ကမ်းခြေမှာသူမနဲ့အတူရှိခဲ့တာတွေဟာ အိပ်မက်မဟုတ်ဘူးပေါ့။
လိပ်ပြာကို သူရည်းစားစကားပြောလိုက်တာဟာလည်း တကယ်ဖြစ်နေခဲ့တာပဲ။
ကိုယ့်ကိုကိုယ်တော့ အိပ်မက်လှလှလေးပဲ မက်ခဲ့တယ်ထင်ပြီး သူမကို ဘာမှမမှတ်မိပါဘူးလို့ပြောလိုက်မိတာ။
အဲ့ဒီ့မနက်က သူမဒေါသထွက်ချင်လည်းထွက်စရာပဲကို။
မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောပြီး အပြောင်အပျက်အဖြစ်သဘောထားလိုက်သလို ဖြစ်သွားခဲ့တယ်။ဒီကရင်ခေါင်းစည်းစလေးက သူမထွက်သွားပြီးနောက် ကမ်းခြေမှာရေတွေစိုရွှဲပြီး သဲထဲနစ်နေပေမဲ့ အမှတ်တရအဖြစ်သူကောက်လာခဲ့မိတာပါ။
"ဟာ...သွားပြီ...လိပ်ပြာကို ငါနမ်းလိုက်သေးတာပဲ...ဟာကွာ...ဘာလို့မမှတ်မိခဲ့ရတာလည်း...
ဘုန်းမြတ်ရာ..မင်းတော်တော်ပေါ့လျော့တဲ့
ကောင်ပဲ..."
YOU ARE READING
ချစ်လိပ်ပြာလေး တဝဲလည်လည်
Romance"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...