U/ Z အခန်း၃၁

2K 82 5
                                    

ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း ၃၁

"နင်လာခဲ့...."

"ဒုန်း...."

"အီးဟီး...အဟင့်..."

အစ်ကိုလေးဟာ ငယ်ငယ်တုန်းကလိုပဲ လက်မောင်းကနေဆွဲပြီး ဧည့်ခန်းကထိုင်ခုံ‌အပေါ်ကို အတင်းထိုင်ခိုင်းတာမို့ လိပ်ပြာကြောက်တာရော၊နာတာရောပေါင်းပြီး ငိုချင်စိတ်က ထိန်းလေ၊ငိုမိလေဖြစ်နေသည်။

"ဘာအခုမှလာငိုနေတာလဲ...နင့်မှာအရှက်နဲနဲတောင်မရှိဘူးလား...တွေးခေါ်နိုင်တဲ့ဦးနှောက်မရှိဘူးလား...ဟမ်...လမ်းမကြီးမှာ..သောက်ရှက်မရှိနမ်းနေကြတာ..
ငါ့သူငယ်ချင်းတွေသာပါလာရင်.. ငါ့မျက်နှာကို ဘယ်နားသွားထားရမလဲ..ဟာ..."

"ဒုန်း!!!"

"အမယ်လေး!!!!...ဟမ်း..."

ကော်ထိုင်ခုံကို ပိတ်ကန်ပစ်လိုက်တာကြောင့် ထိုင်ခုံကြီး လဲသွားရာ လိပ်ပြာအဖို့ လန့်ပြီး ပိုငိုချင်လာတာပဲသိတယ်။

"ဟဲ့..ဟဲ့..ဘာဖြစ်နေကြတာလဲ...ဟင်..ကြည့်စမ်း
ခုံတွေလည်း ပိုးလိုးပက်လက်ကိုလန်လို့ ..."

"အမေ့...အစ်ကိုလေး...သမီးကို..ရိုက်တော့မယ်...ကယ်ပါအုံး"

"ဟဲ့...ကောင်းကျော်...နင်လက်မပါနဲ့နော်..."

အပေါ်ထပ်ကနေ အမေရော၊အဖေပါဆင်းလာသလို အစ်ကိုကြီးကလည်း အိပ်ခန်းထဲမှ အိပ်ချင်မူးထူးပုံစံနဲ့ထွက်လာလေသည်။
အမေကချက်ချင်းပဲ လိပ်ပြာရဲ့ဘေးနားကို ရောက်လာတာကြောင့် အမေ့လက်ကို အားကိုးတကြီးနဲ့ ဆုပ်ကိုင်လိုက်သည်။

"အမေဘာသိလို့လည်း...ဒီကောင်မလေးအရွယ်ကမရောက်သေးဘူး..အမှီးပေါက်ချင်နေတာ
..လူကလက်တောက်လောက်နဲ့ ဂျိုထချင်နေတာ..တောက်!!!"

"ဟဲ့..ကောင်းကျော်..နင် စကားကိုလူလိုပြောစမ်း..
ငါနားမလည်ဘူး..."

ရန်ဖြစ်နေကြတဲ့နှစ်ယောက်က ရယ်စရာကောင်းနေတော့ ဦးကြည်လွင်နဲ့အကြီးကောင်ခမျာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်မိပြီး ရယ်လို့မရတာကြောင့် ပါးစပ်ကြီးတွေကိုသာ စိထားရသည်။

"ဒီလိုဗျာ...စားသောက်ဆိုင်ကနေ..အဲ့အနားကကုမ္ပဏီတစ်ခုမှာ သူ့သူငယ်ချင်းဆီသွားအုံးမယ်ဆိုပြီး..ကျွန်တော့်ကိုအမေ့သမီး လိမ်သွားတာ...ကျွန်တော်လည်း မသင်္ကာလို့ အဲ့ကုမ္ပဏီကို လိုက်သွားကြည့်တော့..အကောင်တစ်ကောင်နဲ့...ကားလမ်းဘေးကြီးမှာ...ဟာ...ပြောရမဲ့ကိုယ့်ပါးစပ်တောင် ကိုယ်ရှက်တယ်..တောက်!!!.."

ချစ်လိပ်ပြာလေး တဝဲလည်လည်Donde viven las historias. Descúbrelo ahora