ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၃၇"ဒီဟာလေး...ဒီဟာလေးဆိုလိပ်ပြာနဲ့သိပ်လိုက်မှာ..."
"မဟုတ်ဘူး အဖြူကြီးကရိုးနေပြီ...ပန်းရောင်
ကပိုလိုက်တယ်...""ဒီရေသူမ ဂါ၀န်လေးကခောတ်စားနေတာဟဲ့ လိပ်ပြာဒါလေးပဲယူနော်..."
"ဟဲ့...လိပ်ပြာဒီဂါ၀န်အဖြူကြီးကို၀တ်ကြည့်စမ်းပါဟာ..."
"အေးအေးရယ်...လိပ်ပြာကလူကောင်သေးသေးနဲ့ တော်ကြာကိုယ့်ဂါ၀န်ကိုယ်မနိုင်ပဲ ချော်လဲနေမှဖြင့်ဟယ်...."
"နင်တို့အင်တာနက်မှာ မမြင်ဖူးကြဘူးလား
...တော်ဝန်မင်းသမီးတွေလို ဂါ၀န်ထူထူကားကားကြီးတွေကို ၀တ်ပြီး ပန်းလှည်းပေါ်မှာသတို့သမီး လေးကထိုင်လို့..အောက်ကိုဖြေးဖြေး
ချင်းဆင်းလာပြီး...ပြီးရင်စက်တွေနဲ့မီးခိုးလေးတွေကို မှုတ်ထုတ်လိုက်တဲ့အခါ လျှောက်လမ်းလေးမှာ သတို့သမီးလေးက တစ်ရွေ့ရွေ့သွားနေတဲ့အချိန်..""ဟဲ့...နင့်ဟာက မင်္ဂလာဆောင်မှာလား၊သရဲကားရိုက်မှာလားဟယ်..."
"အော်...နင်တို့ဟာလေ...ရိုတယ်ဆိုတာ ဘာမှန်းမသိကြတဲ့ဟာတွေ...ဒါကြောင့်လည်းအခုထိ
ယောက်ျားမရကြသေးတာ...""အံမယ် သူကြတော့ ယောက်ျားရပြီးလို့ ကလေးတစ်ဒါဇင်လောက်မွေးပြီးတာကျလို့..."
နောက်နှစ်လလောက်နေရင် မင်္ဂလာဆောင်ရတော့မဲ့သတို့သမီးကလိပ်ပြာဖြစ်နေပေမဲ့ ၀တ်စုံရွေးပေးတဲ့ သူငယ်ချင်းတွေကပိုစိတ်လှုပ်ရှားနေကြလေရဲ့။သူဇာကတော့ သူ့ကျောင်းသားတွေကိုအကြာကြီးပစ်ထားခဲ့လို့မရဟုဆိုကာ ပဲခူးကိုပြန်သွားခဲ့ရပေမဲ့ ရန်ကုန်မှာကျန်ခဲ့တဲ့သူငယ်ချင်းတွေကတော့ မင်္ဂလာကိစ္စကို အကြိတ်အနယ်ဦးဆောင်စီစဉ်ပေးနေကြတာကြောင့် လိပ်ပြာတောင်၀င်ပါစရာမလိုလောက်တဲ့အထိပါပဲ။
ဒီလိုသူငယ်ချင်းတွေကို ပိုင်ဆိုင်ထားတဲ့ လိပ်ပြာဟာအင်မတန်ကို ကံကောင်းလွန်းတယ်လို့ တစ်ခါတစ်လေမှာ တွေးမိတယ်။လူတော်တော်များများဟာ သူတို့အကျိုးအတွက်ပဲကြည့်တတ်ကြတာကြောင့် ကိုယ့်အပေါ်ကိုဒီလိုစိတ်ရင်းမှန်နဲ့ဆက်ဆံပေးတဲ့ လူမျိုးတွေကို ရှာတွေ့ဖို့ဆိုတာ အရမ်းကိုခက်ခဲလွန်းပါတယ်။အဲ့ဒီ့ခက်ခဲတဲ့အထဲက ကံကောင်းခြင်းပန်းလေးတစ်ပွင့်က လိပ်ပြာရဲ့ လက်ထဲမှာပေါ့။
YOU ARE READING
ချစ်လိပ်ပြာလေး တဝဲလည်လည်
Romance"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...