ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၄၀အချိန်ကာလတွေဟာ တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးခဲ့တာကြောင့် ရွက်ဝါဝေ၊ရွက်ဟောင်းကြွေကာ သဘာ၀တရားကြီးက သူ့အလှည့်နဲ့သူ အမြဲမပြတ်တစ်ပုံစံထဲလှုပ်ရှားနေပေမဲ့ လှုနေမှုပုံစံနဲ့ ခောတ်ရဲ့အတွေးအမြင်တွေကတော့ ကြီးမားကျယ်ပြန့်လာခဲ့ပါပြီ။
စိတ်ထဲမှာမပျော်ရွှင်ပေမဲ့လည်း လူ့လောကနဲ့အံ၀င်ခွင်ကျဖြစ်အောင် ပြုံးနေခဲ့ရသလို၊ငိုချင်ပေမဲ့လည်း အံကျိတ်ကာတောင့်ခံတတ်ခဲ့ပါပြီ။
လရာသီတွေဘယ်လိုပဲပြောင်းပြောင်း ခေတ်ကာလရဲ့အသွင်ဟာဘယ်လိုပဲဆန်းသစ်နေပါစေ လိပ်ပြာကတော့အတိတ်ရဲ့နွံထဲမှာနစ်နေမိတုန်း၊ကြည်နူးစရာ..နာကျင်စရာတွေပြည့်နေတဲ့အချိန်စက်ဝိုင်းထဲမှာ ရုန်းထွက်လို့မရအောင် လည်ပြီးရင်း လည်နေတုန်းပါပဲ။မိုးရွာတဲ့အချိန်တွေမှာ လမ်းမကြီးထက်ကနေကုန်းအောက်ကိုလျှောဆင်းချလာပြီး လိပ်ပြာကိုပုခုံးကနေကြင်နာစွာ မထူပေးကာစိုးရိမ်တကြီးရှိခဲ့တဲ့ကိုကို့ရဲ့ပုံရိပ်လေးတွေကို ပြန်မြင်ယောင်မိသလို၊ ဆောင်းရာသီရောက်ချိန်တိုင်းမှာလည်း ကြမ်းပြင်ပေါ်မှာဒူးထောက်ရင်း အမြတ်တနိုးလက်ထပ်ခွင့်တောင်းခဲ့တဲ့ကိုကို့ရဲ့ ကြည်နူးမှုပြည့်နေတဲ့မျက်နှာလေး..အို...အရာရာတိုင်းဟာ လွမ်းစရာပါပဲ။
ကိုကိုသာ အခုနေလိပ်ပြာရဲ့အရှေ့ကိုရောက်လာခဲ့ရင် လိပ်ပြာဆူဖို့လည်းကြိုးစားမိမှာမဟုတ်သလို၊ထုရိုက်ပစ်ဖို့လည်း ကြိုးစားမိမှာမဟုတ်ပါဘူး။လိပ်ပြာက ကိုကို့ကိုသိပ်ချစ်တာလေ။ဒါကြောင့် "ကိုကိုရယ် နောက်တစ်ခါလိပ်ပြာကိုဘယ်တော့မှမထားခဲ့ပါနဲ့လို့.."အကျယ်ကြီးအော်ပြောပြီး တင်းကျပ်စွာဖက်ထားမိမှာပဲ။
သို့ပေမဲ့လည်း ဘ၀ရှင်သန်နေထိုင်ရေးနဲ့ ကိုယ်ရပ်တည်နေတဲ့ပတ်၀န်းကျင်က တိုက်တွန်းလိုက်၊နှိုးဆော်လိုက်လုပ်ပေးနေကြတာကြောင့် ရပ်တန့်နေတဲ့လိပ်ပြာရဲ့နှလုံးသွေးတွေဟာလည်း အချိန်ရဲ့ကုစားပေးမှုနဲ့အတူပြန်လည်ရှင်သန်စီးဆင်းနိုင်ခဲ့ပါပြီ။
YOU ARE READING
ချစ်လိပ်ပြာလေး တဝဲလည်လည်
Romance"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...