U/Zအခန်း၁၂ အခန္း၁၂

3.2K 199 9
                                    

ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း၁၂

နံနက်ခင်းရဲ့ ရောင်ခြည်နုနုသည် ကြူထရံရဲ့အပေါက်ငယ်လေးတွေကြားမှ တိုးကပ်ဖြတ်သန်း၍ အခန်းလေးထဲသို့၀င်လာလေသည်။

နေရိပ်ထိုး၍ ပူရှိန်းရှိန်းဖြစ်လာတဲ့ ခံစားချက်ကြောင့် ဘုန်းမြတ်လန့်နိုးသွားရသည်။
နားထဲမှာလည်း ကလေးတွေဆော့ကစားနေကြသံတွေက ဆူညံပွက်လောက်ရိုက်နေသည်။

ဘေးကိုကြည့်လိုက်တော့ လိပ်ပြာဖြူကိုမတွေ့ရပေ။

"ဒီကောင်မလေး ဘယ်တည်းကအိပ်ရာထသွားတာလဲ မသိဘူး..."

သူအိမ်ရှေ့သို့ ထွက်လာတော့ ဘကြီးလှစိန်ကကွပ်ပစ်မှာထိုင်ရင်း ဓားမသွေးနေလေသည်။

"ဟော..လူလေးနိုးလာပြီလား...မျက်နှာသစ်၊သွားတိုက်ချင်ရင်တော့ ‌အိမ်ခြေရင်းကရေအိုးထဲမှာ ရေအဆင်သင့်ရှိတယ်ကွဲ့...ပြီးရင်ငါးခြောက်ဖုတ်လေးနဲ့ ထမင်းကြမ်းစားပေါ့ဟုတ်လား..မင့်မိန်းမကတော့ ဆလုံကလေးတွေနဲ့ကမ်းစပ်ကိုပါသွားတယ်.."

"ဟုတ်ကဲ့ အဘ..."

မျက်နှာမြန်မြန်သစ်ပြီးနောက် ထမင်းကြမ်းတောင်မစားတော့ပဲ မိန်းမရှာပုံတော်ထွက်ရတော့သည်။
ဘာသာစကားမတူ လူနေမှုမတူတဲ့အရပ်မှာ လိပ်ပြာဖြူဘယ်တွေကိုလျှောက်သွားနေတာပါလိမ့်။

ဟောတွေ့ပါပြီ။မကြီးမငယ်နဲ့ ကမ်းစပ်မှာ ကလေးတွေနဲ့စိန်ပြေးတိုင်းကစားနေတာ။
၀တ်ထားတာကလဲ ဘယ်ကအဘွားကြီးအ၀တ်အစားတွေလည်းမသိဘူး။
အင်္ကျီချိုင်းပြတ်အပွကြီးနဲ့ ထမီကိုခြေသလုံးဖွေးဖွေးလေးတွေ ပေါ်တဲ့အထိခပ်တိုတိုပဲ ရင်ခေါင်းအထိတက်၀တ်ထားလိုက်‌သေးတယ်။
အသားဖြူလို့ပေါ့ မဟုတ်ရင် ဆလုံရွာသူပင်လယ်ဂျစ်ပစိမလေးလို့ ထင်မိမှာမလွဲပဲ။

ဆော့နေတာကလည်း မျက်လုံးကိုအ၀တ်စစည်းပြီး ကလေးတွေကိုလိုက်ဖမ်းနေတာ မတော်လို့ပင်လယ်ထဲ ဂျွန်းပြန်ကြမှ ဟုတ်ပေ့ဖြစ်နေမယ်။
သူမရဲ့ ဒီပုံစံလေးကိုတွေ့တော့ လွန်ခဲ့တဲ့၉နှစ်က သူ့ကို‌စိတ်ပျော်ရွှင်စေခဲ့တဲ့ အရာလေးကို ပြန်မြင်ယောင်နေမိသည်။
"လိပ်ပြာဖြူ မင်းကအမြဲတမ်းကိုယ့်အတွက်ထူးခြားတဲ့ သူပဲ။"

ချစ်လိပ်ပြာလေး တဝဲလည်လည်Where stories live. Discover now