ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၃၈ညရဲ့တိတ်ဆိတ်နေမှုကြောင့်ပဲလား၊ကွန်ဒိုတစ်ခုလုံးမှာ တစ်ယောက်ထဲရှိနေ၍ဆိုတဲ့ အခြေအနေအမျိုးမျိုးကြောင့် ဘုန်းမြတ်ရဲ့နားခိုရာ နေရာဟာ ကြောက်တတ်တဲ့သူအဖို့ဆိုရင် ခြောက်ချားဖွယ် ကောင်းနေမှာသေချာပါတယ်။
ရေချိုးခန်းထဲသို့ ၀င်လိုက်ပြီး ရေပန်းခလုတ်ကိုဖွင့်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်ပေါ်သို့ကျဆင်းလာတဲ့ ရေရဲ့အေးစိမ့်တဲ့အရသာကို ခံစားရင်း တစ်နေ့တာလုံးဖြတ်သန်းကူးခက်ခဲ့ရတဲ့ အလုပ်ဖိအားတွေကို လျှော့ချပစ်လိုက်မိတယ်။
ဘုန်းမြတ်အတွက်ကတော့ အနားယူချိန်ဆိုတာ
သာမာန်ကောင်လေးတွေလို တစ်နေ့ကိုနှစ်နာရီ၊သုံးနာရီလောက် ဂိမ်းကစားတာတို့၊သွားချင်တိုင်းသွား၊လည်ပတ်ချင်တိုင်းလည်ပတ်တာတို့အတွက် အချိန်ပေးဖို့မပြောပါနဲ့ လက်ထပ်ခါနီးဇနီးလောင်းလေးအတွက်တောင် အချိန်ကိုမနည်းရှာကြံပြီး ပေးနေရတယ်။ဒယ်ဒီကလည်း ဆေးရုံမှာလှဲနေရတဲ့အချိန်ဆိုတော့ လုပ်ငန်းတွေကို သူတစ်ယောက်ထဲကသာ တာ၀န်များများယူနေရတာကြောင့် တစ်နေ့တစ်နေ့ သူ့ပုခုံးအပေါ်မှာထမ်းထားရတဲ့ ဖိအားတွေက အသက်
နှစ်ဆယ့်ငါးနှစ်ဆိုတဲ့အရွယ်မှာ ဒဏ်မခံနိုင်တဲ့ကောင်လေးတစ်ယောက်သာဆိုရင် စိတ်ဖိစီးလွန်းပြီး ရူးတောင်သွားအုံးမယ်။ထုံးစံအတိုင်း ညဆယ့်တစ်နာရီမထိုးသေးမချင်း သူ့အလုပ်တာ၀န်က ကုတင်ပေါ်မှာခဏထိုင်ပြီး အလုပ်ကိစ္စတွေကို မနားတမ်းလုပ်နေရတော့တာပါပဲ။
"တီ...တီ...တီ...တီ..."
ဘုန်းမြည်သံကြား၍ ကြည့်လိုက်တော့ လိပ်ပြာရဲ့ဖုန်းနံပါတ်ဖြစ်နေသည်။ ကိုးနာရီထိုးခါနီးအချိန်ကြီးမှာ လိပ်ပြာကဖုန်းဆက်တတ်တဲ့အကျင့်မရှိပါဘူး။
"ဟယ်လို...လိပ်ပြာ..."
"ကိုဘုန်းမြတ်...ကျွန်မလိပ်ပြာမဟုတ်ဘူး...
ကြည်ပြာပါ...လိပ်ပြာရဲ့သူငယ်ချင်းလေ...""အော်...ဟုတ်ကဲ့...ဒါနဲ့လိပ်ပြာကရော.."
"လိပ်ပြာ...လိပ်ပြာမူးနေလို့ ရှင်လာခေါ်ပေးလို့ရမလား..."
YOU ARE READING
ချစ်လိပ်ပြာလေး တဝဲလည်လည်
Romance"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...