🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
အခန်း၂၀"ပွန်...ပွန်.."
အမေ့အိမ်ကိုပြန်ဖို့ကားဂိတ်ကိုအသွား အနောက်မှဟွန်းတီသံကြား၍ လှည့်ကြည့်လိုက်မိရာ ကိုထွန်းဝေဖြစ်နေသည်။
ကိုထွန်းဝေက ပြိုင်ကားအဝါရောင်လေးကို လိပ်ပြာရှိတဲ့ ပလက်ဖောင်းဘေးမှာ ရပ်လိုက်ပြီး ကားတံခါးဖွင့်ကာ ဆင်းလာသည်။"လိပ်ပြာ...ဘယ်သွားမလို့လဲ..."
"အိမ်ပြန်မလို့ပါ ဒီနေ့အလုပ်ပိတ်တယ်လေ..."
"ဟာ...ဒါဆိုကိုယ်လိုက်ပို့ပေးမယ်လေ..."
"ရပါတယ်...အားနာစရာ...ပုံမှန်လည်း ဘက်စ်ကားစီးနေကြပါ...ကိုထွန်းဝေသွားစရာရှိရင်သာသွားပါ...လိပ်ပြာလည်းသွားတော့မယ်နော်..."
ဘယ်လိုပဲဖြစ်ဖြစ်သူစိမ်းယောက်ျားလေးတစ်ယောက်နဲ့ နှစ်ယောက်ထဲအတူတူမသွားသင့်ဘူးမဟုတ်လား။
နောက်ပြီး ကိုယ့်အိမ်ကလူတွေအကြောင်းကို ကိုယ်အသိဆုံးပင်။
ယောက်ျားလေးသူငယ်ချင်းများခေါ်လာပြီဆို မေးလိုက်၊မြန်းလိုက်၊စပ်စုလိုက်ကြမှာ ပြောမနေနဲ့။ကိုယ့်ဘာသာလမ်းလျှောက်နေတဲ့ လိပ်ပြာရဲ့လက်မောင်းကို အတင်းလာဆွဲတဲ့လူကိုကြည့်လိုက်မိတော့ ကိုထွန်းဝေပါပဲ။
"လာပါလိပ်ပြာရယ်...တစ်ခါတစ်လေလေးကူညီရတာပဲကို ကိုယ်လည်းပျင်းနေတာနဲ့အတော်ပဲ လိပ်ပြာတို့အိမ်ကိုလိုက်လည်မယ်နော်..."
"ဘယ်လို..."
ထိုလမ်းပလက်ဖောင်းဘေးမှာ လေပွေတိုက်သွားသည့်နှယ် လိပ်ပြာကိုအတင်းကားထဲကို ထိုးသိပ်ထည့်ပြီး သူလည်းကားပေါ်တက်ကာ ကားလေးကအရှိန်နဲ့မောင်းထွက်သွားတော့သည်။
လိပ်ပြာတို့ရဲ့နှစ်ထပ်အိမ်လေး အရှေ့မှာကားလေးကိုရပ်လိုက်ပြီးနောက် လိပ်ပြာကအရင်ဆင်းလိုက်သည်။
ကိုထွန်းဝေကတော့ လက်ဆောင်ထုပ်တွေ
တနင့်တပိုးသယ်နေတာများ ကြည့်နေတဲ့လိပ်ပြာတောင် လက်မောင်းလေးလာရတယ်။
အိမ်ကမိသားစုတွေအတွက် အမှတ်တရဟုဆိုကာ
စူပါမားကပ်တစ်ခုမှာ လက်ဆောင်တွေ၀င်၀ယ်ခဲ့ခြင်းဖြစ်သည်။
YOU ARE READING
ချစ်လိပ်ပြာလေး တဝဲလည်လည်
Romance"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...