🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
အခန်း၁၆"မေမေ...သားသားလည်း စွန်လွှတ်မယ်နော်..."
"သားအဖေကိုသွားပြောပေါ့..."
"ဟွန့်...မေမေကလည်း..."
လိပ်ပြာတို့ထိုင်နေတဲ့ ဘေးကနေဖြတ်သွားရင်း
စွန်လွှတ်ဖို့အရေး ပူဆာနေတဲ့ ကလေးလေးကိုကြည့်ပြီး လိပ်ပြာအသဲယားနေမိသည်။
သိပ်ချစ်ဖို့ကောင်းတာပဲ နှုတ်ခမ်းလေးကိုဆူထော်ပြီး အမေဖြစ်သူကိုပူဆာနေတာ ပါးလေးတွေကို လိမ်ဆွဲလိုက်ချင်တယ်။ဒီကလေးလေးကိုတွေ့တော့ မောင်လေးကိုတောင် သွားသတိရတယ်။
လိပ်ပြာဟာ ငယ်ငယ်ကအရမ်းအဆော့မက်တာ။
မောင်လေးကို ထိန်းရင်မဆော့ရမှာဆိုးလို့ဆိုပြီး
ကလေးခြေထောက်နဲ့ အိမ်တိုင်နဲ့ကို ကြိုးချည်ထားခဲ့ပြီးကို သွားဆော့ခဲ့ဖူးတာ။
အမေလည်း ပြန်လာရော "လိပ်ပြာဖြူ..သေနာမ"
ဆိုပြီး ကြိမ်လုံးကြီးကြီးနဲ့ကို တွယ်တော့တာပဲ။ဒါလည်း မမှတ်တဲ့လိပ်ပြာကတော့ ကလေးကမြေကြီးပေါ်မှာ သေးတွေစိုရွှဲပြီး မြေကြီးတွေကောက်စားနေလည်း သစ်ပင်အတက်မပျက်ခဲ့တဲ့ မျောက်မဖြစ်ခဲ့တာပါ။
သူများကမြင်ပြီး"ဟဲ့ နင့်မောင်လေးမြေကြီးတွေကောက်စားနေတယ်"ဆိုပြီးအော်ခါမှ ကလေးကိုကောက်ချီလိုက်တော့ ညစ်ပေတူးလေးက တဟဲဟဲရယ်ပြလာသည်။
*
*
*
*
"လိပ်ပြာ...လိပ်ပြာ...""ဟင်...ဘာဖြစ်လို့လဲ...မဒေလီယာ..."
"ယူဘာတွေ...တွေးနေတာလဲ...တို့ခေါ်နေတာကြာလှပြီ..."
"ဟုတ်လား...လိပ်ပြာအတွေးများသွားလို့ပါ...
ဆောရီးပါနော်...""ရပါတယ်...ဒါနဲ့ယူ့ကို..တို့တစ်ခုမေးလို့ရမလား..."
"မေးပါ...လိပ်ပြာဖြေနိုင်တာဆိုရင် ဖြေပါ့မယ်..."
မဒေလီယာက သောင်ပြင်ပေါ်မှာ မြင်းကိုဒုန်းစိုင်းစီးကာ ဟန်ရေးပြနေတဲ့ ကိုထွန်းဝေကို တစ်ချက်ကြည့်လိုက်သေးသည်။
"လိပ်ပြာ...မောင့်ကိုဘယ်လိုမြင်လဲ..."
"ကိုထွန်းဝေမောင်ကို ပြောတာလား..."
आप पढ़ रहे हैं
ချစ်လိပ်ပြာလေး တဝဲလည်လည်
रोमांस"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...