အခန်း၁၃ညနေစောင်းနေ၍ လိပ်ပြာဖြူကိုထမင်းစားရန်ဘကြီးလှစိန်ကအခေါ်ခိုင်းလိုက်ရာ သူအိပ်ခန်းထဲသို့ ၀င်လာမိသည်။
"အာ...ဆောရီး..."
အခန်းထဲဝင်လာလာချင်း ထမီရင်လျှားနဲ့သူမကြောင့် ချက်ချင်းပဲ မျက်နှာလွှဲပြစ်လိုက်သည်။
သရဲတောင် ကြောက်တတ်ရမှန်းမသိပေမဲ့။
ဒါမျိုးကျတော့ ရင်တွေပန်းတွေပါတုန်သွားရသည်။
သက်ပြင်းတွေလည်း အကြိမ်ကြိမ်ချနေရတဲ့ အဖြစ်ရောက်နေသည်။ရုတ်တရက်အခန်းထဲ ၀င်လာတဲ့သူ့ကြောင့် လိပ်ပြာပုဆိုးတစ်ထည်ကို ကောက်ခြုံလိုက်ရသည်။
"ရှင်.. အခန်းထဲဝင်လာတာ..အသံလေးဘာလေးပေးပါအုံးလား..."
"ဆောရီး ကိုယ်တောင်းပန်ပါတယ်..."
အခြားမိန်းကလေးတွေရဲ့ အလှကိုသာမမြင်တာ သူမနဲ့ပတ်သတ်ရင်တော့ သူမရဲ့ပါးပြင်မှ ပါးချိုင့်လေးတွေကအစ သူသဘောကျနေမိတာဘာကြောင့်လဲဆိုတာ သူကိုယ်တိုင်တောင် ဝေခွဲမရဖြစ်နေသည်။
နိုင်ငံခြားမှာနေစဉ်က မိန်းမကိစ္စနဲ့ပတ်သတ်လို့ သူငယ်ချင်းတွေ သူ့ရှေ့မှာလာဆွေးနွေးနေကြရင်တောင် ရှောင်ထွက်သွားတတ်တဲ့အကျင့်ကြောင့် သူ့ကိုဂေးလို့တောင် တမင်နောက်ကြသေးသည်။တောင်းပန်ပါတယ်လည်း ပြောသေးတယ်အခုထိ မသွားသေးတဲ့ သူ့ကိုရှက်ဒေါသကအတော်ထွက်လာသည်။
"အဲ့မှာ ဘာရပ်လုပ်နေတာလဲ..ရှင်အခုထိ မသွားသေးဘူးလား.."
"အာ..ဟုတ်..ဟုတ်သားပဲ..."
အတင်းပဲ ကြမ်းပြင်ကြီးတောင် တစ်ဂျုန်း
ဂျုန်းမြည်အောင် ပြေးထွက်သွားတဲ့ သူ့ကြောင့်လိပ်ပြာလည်း မျက်နှာတွေပူနေမိသည်။ခဏအရှက်ပြေနေပြီးနောက် အိမ်ရှေ့သို့ထွက်လာလိုက်သည်။
ဘကြီးလှစိန်နဲ့ ကိုဘုန်းမြတ်က အိမ်ရှေ့
ကွပ်ပစ်မှာစကားပြောနေကြတော့ ဘကြီးလှစိန်ကိုမေးဖို့ မြန်းဖို့တောင် ရှက်အမ်းအမ်းဖြစ်နေရသည်။"လုံမလေး..ရေသွားချိုးမလို့လား..."
"ဟုတ်တယ်ဘကြီး အဲ့ဒါ..ရေချိုဘယ်နားမှာရှိလည်း လိပ်ပြာကိုညွှန်းပါလားဟင်..."
YOU ARE READING
ချစ်လိပ်ပြာလေး တဝဲလည်လည်
Romance"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...