Unicode အခန်း၁၄

3K 153 3
                                    

        ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း၁၄

ကောင်းကင်မှမှိတ်တုတ်၊မှိတ်တုတ်ကြယ်ကလေးတွေဟာ စိန်စီထားသည့်နယ် လှပလွန်းနေပါသည်။
ဖိုးလမင်းကြီးကလည်းထိန်ထိန်သာလို့ ဒီလို ကြည်လင်လွန်းတဲ့ ညကောင်းကင်ယံရဲ့အလှကို မြို့မှာဆိုရင် အပြည့်အ၀ခံစားနိုင်မယ်မထင်ဘူး။

လရောင်ရိပ်ကိုမှီခိုရင်း ဘကြီးလှစိန်ကအရှေ့ကလမ်းပြနေပြီး ကရင်လူလတ်ပိုင်းနှစ်ယောက်က အမူးလွန်နေတဲ့ ကိုယ်တော်ချောကို ဟိုဘက်တစ်ယောက်၊ဒီဘက်တစ်ယောက်မကာ အိမ်အရောက်လိုက်ပို့နေကြ‌လေသည်။

လိပ်ပြာစိတ်ညစ်လိုက်တာ သူများဒေသကိုလာပြီး အရက်ကိုမူးရူးအောင် သောက်ရတယ်လို့ သူ့မှာဘာဝေဒနာတွေများ အဲ့လောက်အကြီးအကျယ် ခံစားနေရလို့လဲ။

"ကဲ လုံမလေးရေ အိမ်ရှေ့ခန်းမှာပဲ ခြင်ထောင်ထောင်သိပ်လိုက်..လုံမလေးကတော့ အခန်းထဲမှာ၀င်အိပ်ပေါ့..

"ဟုတ်ကဲ့ အဘ..."

လိပ်ပြာမှာ ဖျာအမြန်ခင်းပြီး သူ့ကိုအရင်လှဲခိုင်းရသည်။
ခြင်ထောင်ထောင်ပေးပြီးနောက် ခြင်၀င်မှာဆိုးလို့ သူ့ခြင်ထောင်ထဲသို့၀င်ပြီး အောက်အနားစတွေကိုဖျာအောက်သွင်းပေးရပြန်တယ်။

"လိပ်ပြာ..ကိုယ့်ကိုချစ်တယ် မဟုတ်လားဟင်..."

အိပ်နေရင်းမှ လက်ကောက်၀တ်ကိုလှမ်းဆွဲပြီး သူ့ပါးမှာကပ်ကာ လာချွဲနွဲ့ပြနေသည်။
လိပ်ပြာခပ်ရှက်ရှက်နဲ့ အဘကိုကြည့်လိုက် လက်ကိုမရမကရုန်းလိုက်လိုက်နေရသည့်အဖြစ်က တော်တော် ကိုးရိုးကားယားနိုင်လှသည်။

"ကိုဘုန်းမြတ်!!!!!ရှင်ဘယ်လိုဖြစ်နေတာလဲ...အခုချက်ချင်း လက်ကိုလွှတ်နော်..."

"ဟင့်အင်း..လွှတ်ဘူး..လွှတ်ဘူး..."

"ကဲ..ကဲ...လုံမလေးရေ...အဘမီးပုံပွဲကို ပြန်ပြီး တစ်ပွဲထပ်နွှဲလိုက်အုံးမယ်...အေးဆေးနေကျပေါ့နော့်..."

ပြုံးစိစိလုပ်ပြီး ထွက်သွားတဲ့အဘလှစိန်ကြောင့် လိပ်ပြာအရှက်ပိုပြီး လက်ကိုအတင်းဆောင့်ဆွဲလိုက်ကာမှ ကိုယ်တော်က မျက်လုံးပွင့်သွားပြီးချက်ချင်းငုတ်တုတ် ထထိုင်လာသည်။

ချစ်လိပ်ပြာလေး တဝဲလည်လည်Where stories live. Discover now