ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း ၃၃"ဘာ!!!အိမ်နဲ့တောင်ပေးတွေ့ပြီးသွားပြီ...."
"ဟဲ့...ဖြေးဖြေးအော်ပါ..အေးအေးရယ်...ငါလွှင့်ထွက်သွားပါအုံးမယ်..."
လိပ်ပြာတို့သူငယ်ချင်းငါးယောက်က ပိတ်ရက် တွေဆိုရင် လူစုပြီးတစ်နေရာမဟုတ်၊တစ်နေရာ သွား၊လာ၊စားသောက်ကြတာကတော့ ပုံမှန်လိုဖြစ်နေပါပြီ။
အခုလည်း လူစုံတုန်းလေး သူငယ်ချင်းတွေစုပြီး သမိုင်းလမ်းဆုံမှ ဟော့ပေါ့ဆိုင်လေးမှာ ပျော်ပျော်ပါးပါးဟော့ပေါ့ထွက်စားကြခြင်းပင်။
တစ်ဆက်ထဲမှာပဲ လိပ်ပြာရဲ့အချစ်ရေးလေးကို ကြွားလုံးထုတ်လိုက်လေတော့ စားလက်စ အစားအစာတွေတောင် ပါးစပ်ထဲကနေ ပြုတ်ကျတော့မတတ် အံ့ဩနေကြလေသည်။"လိပ်ပြာ...နင်..တယ်လက်သွက်ပါလား...သူများတွေဆိုရင် အိမ်ကမသိပဲ ရည်းစားထားရတာ..
နင်ကတော့ တရား၀င်ပေါ့...လက်သွက်ချက်ကတော့ဟေ့...""ငါကလက်သွက်တာမဟုတ်ပါဘူး...ကိုကိုကလက်သွက်တာပါ..."
"အဟွတ်...အဟွတ်...အမယ်လေး...ငါဟင်းရည်တောင်သီးတယ်..."
လိပ်ပြာကရိုးရိုးပဲပြောလိုက်တာပါ။သူဇာမက ဘယ်လိုတွေ ဆန်းဆန်းထင်လိုက်သလဲမသိဘူး။
ဟင်းရည်သီးပြီး မျက်နှာကြီးတောင်ရဲတက်လာတယ်။"လိပ်ပြာမ..နင့်ကိုကိုက တကယ်ပဲလက်သွက်တာလား...နင်မဟုတ်မမှန်ကန်တာတွေကို...ပြောရင်တော့ အသေပဲနော်..."
"ဟဲ့ ငါကမဟုတ်တာပြောပါ့မလား..."
ထိုစကားလည်းကြားရော မိန်းမတွေများ သိပ်မစပ်စုချင်ရှာဘူး။ လိပ်ပြာကိုပြူးကြည့်နေလိုက်ကြတာ မျက်လုံးကြီးတွေတောင် အောက်ကိုပြုတ်ကျတော့မတတ်ပဲ။
"ဟဲ...ဟဲ...စပ်စုတယ်လို့တော့ မထင်နဲ့နော်...နည်းနည်းပါးပါး ဗဟုသုတပေါ့ဟယ်...နင့်ကိုကိုက ဘယ်နေရာမှာ လက်သွက်သွားတာလဲ..."
"ဘယ်နေရာမှာရှိရမှာလဲ ငါ့အိမ်မှာပေါ့..."
"ဘယ်လို...ဒါဆိုရင်...နင့်အစ်ကိုတွေနဲ့ပြဿနာမတတ်ကြဘူးလား..."
YOU ARE READING
ချစ်လိပ်ပြာလေး တဝဲလည်လည်
Romance"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...