အခန်း၁
ချစ်လိပ်ပြာလေး တဝဲလည်လည်လွန်ခဲ့သော၉နှစ်က🦋🦋🦋
သူနဲ့စတွေ့တဲ့နေ့က လိပ်ပြာပထမဆုံးစက်ဘီးစီးပြီးကျောင်းကိုသွားခွင့်ရတဲ့နေ့ပါ။
ကျောင်းဆင်းချိန်မှာ မိုးတွေသဲထန်စွာရွာနေတာကြောင့် ကျောပိုးအိတ်ကို စက်ဘီးခြင်းထဲထည့်ပြီး ထီးကလက်တစ်ဖက်ကကိုင်ရင်း ကျန်လက်တစ်ဖက်က စက်ဘီးဂိုက်ကိုကိုင်ကာ နင်းခဲ့ရသည်။
"ဝေါ..ဝေါ..ဂျိန်း!!!ဂျလိန်း.."
"မိုးကလည်း သည်းလိုက်တာ..ထီးတစ်ဖက်နဲ့စက်ဘီးစီးရင် ကြောက်ပါတယ်ဆိုနေမှပဲ..."
"ပွန်!!ပွန်!!"
"ဟင်..အား...!!!အမေရေ..ထိန်းမရတော့ဘူး"
"ဝုန်း!!!!"
နောက်မှဝါးတွေသယ်လာတဲ့ ထွေလာဂျီရဲ့ဟွန်းတီးသံကြောင့် စက်ဘီးကို လမ်းဘေးသို့နဲနဲပဲကွေ့လိုက်မိပေမဲ့ အရှိန်လွန်ပြီး လမ်းမကြီးပေါ်မှ လမ်းဘေး ချောက်ကုန်းဆင်းသို့ထိုးကျသွားသည်။
လွယ်အိတ်တွေ၊ထီးတွေကလည်း တစ်ခြားကိုလွင့်ထွက်သွားပြီး လူကတော့ စက်ဘီးမှာ
ခွမိလျှက်သားကြီးဖြစ်နေပြီး ခြေတစ်ဖက်ကစက်ဘီးပိနေလေသည်။ဒီ့ထက်သာအရှိန်မထိန်းနိုင်ရင် သေချာတယ်မြောင်းထဲကိုထိုးကျပြီး ဗွက်လူးနေရမှာပါ။
ထိုပတ်၀န်းကျင်မှလူတွေဟာ ထီးတွေကိုင်ပြီးလိပ်ပြာကိုပွဲကြည့်သလို လာကြည့်နေကြလေသည်။
ထူပေးမယ်တော့မရှိကြဘူး။စက်ဘီးကြားထဲကခြေထောက်ကိုထုတ်လိုက်ပြီး ထရပ်လိုက်ပေမဲ့ ကြောက်ဒူးတွေတုန်ပြီးလူကယိုင်ကြသွားသည်။
ထိုစဉ် လူတစ်ယောက်က လမ်းအောက်ကိုလျှောဆင်းလာပြီး လိပ်ပြာရဲ့လက်မောင်းကအားနှင့် ဆွဲထူမလိုက်လေသည်။
စာနာမှုပြည့်နေတဲ့မျက်၀န်းတွေနဲ့ကြည့်နေပြီး
လိပ်ပြာရဲ့ပုခုံးနှစ်ဖက်ကိုကိုင်ကာ လမ်းမပေါ်သို့ခေါ်လာလေသည်။"ညီမ..မကြောက်နဲ့ ဒီမှာရပ်နေနော်..ကိုကြီးစက်ဘီးနဲ့လွယ်အိတ်တွေ ယူလာခဲ့မယ်..."
YOU ARE READING
ချစ်လိပ်ပြာလေး တဝဲလည်လည်
Romance"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ့လူဟာ ဘယ်လိုလူမျိုးဆိုတာထက်..ကိုယ့်နှလုံးသားကညွှန်ကြားတဲ့လက်တံကိုပဲ ကိုယ်ကြည့်တယ်... အဲဒီ့မိန်းကလေးကလည်း မင်းတစ်ယောက်ပဲရှိတယ်.. စာရေးသူ...