အပိုင်း(၁)

16.9K 253 7
                                    

Unicode
~~~~~~

မနက်ဖြန် မင်္ဂလာပွဲရှိ၍ ဇီးဖြူကုန်းရွာသို့ ငြိမ်းမောင် တို့မိသားစုတွေ ရောက်နေကြခြင်းဖြစ်သည်။ ငြိမ်းမောင်တို့မှာ ရန်ငြိမ်းမောင် ၊ အတာငြိမ်းမောင် ၊ အာကာငြိမ်းမောင်၊ အဏ္ဏဝါငြိမ်းမောင်နဲ့ ဒေစီငြိမ်းမောင် ဆိုပြီး သားလေးယောက်နဲ့ သမီးအငယ်တစ်ယောက် ရှိ၍ယခုမူကား သားအကြီးဆုံး ရန်ငြိမ်းမောင်ရဲ့ မင်္ဂလာပွဲဖြစ်သည်။အကြီးဆုံးသားက သူ့အမေဇာတိ ဇီးဖြူကုန်းရွာသူနဲ့ အိမ်ထောင်ကျခြင်းဖြစ်၏။

မိတ်ဆွေများနှင့် စကားဖောင်ဖွဲ့နေကြသော ငြိမ်းမောင်က သားအကြီးဆုံးမင်္ဂလာပွဲကို အားတက်သရော ပြင်ဆင်နေသော ဇနီးဖြစ်သူကို ချစ်မျက်လုံးဖြင့် တစ်ချက်တစ်ချက် ကြည့်ကာပြုံးနေပါ၏။

ငြိမ်းမောင်နဲ့ကြည်ဖြူမိုးတို့ရဲ့ ဖူးစာက သည်ကအစပြုလေသည်။

****

Sunshine Hospital

"အခုကျွန်တော်စီစဥ်ထားတာကို မှတ်ချက်ပြုချင်တဲ့လူ ရှိပါလား"

"မရှိပါဘူး ဆေးရုံအုပ်"

"ကဲ ဒါဖြင့် လုပ်အားပေးသွားရမယ့် သူများ ဒီညနေ ၆နာရီ ကို စထွက်ပါမယ်"

ဆေးရုံအုပ်က ​(. ...) မြို့ က ရွာအနီးမှာ တောမီးလောင်လို့ ဆရာဝန် မလောက်သည့်အတွက် လုပ်အားပေးဆရာဝန်များ ပို့ဆောင်ရန် အစည်းအဝေးခေါ်နေခြင်းဖြစ်သည်။ ဆေးရုံအုပ်မှာ အခြားသူမဟုတ် ငြိမ်းမောင်၏ ဖခင်ဖြစ်သည်။

တိုင်းတစ်ပါးက ပြန်ရောက်ရောက်ခြင်း အဖေဖြစ်သူက လုပ်အားပေးအဖွဲ့ထဲ ပို့ပေးလိုက်လို့ ငြိမ်းမောင်အိမ်ပြန်ပြီး လိုအပ်သည်များအိတ်ထဲထည့်ကာ စုရပ်သို့ ထွက်လာခဲ့တော့သည်။

======

ကြည်ဖြူတို့ ရွာနှင့် မနှီးမဝေးက တောအုပ်ကမီးအကြီးအကျယ် လောင်နေသောကြောင့် မီးသတ်ကားများက ရေဖြင့်ငြိမ်းသတ်နေကြသည်ကို ကြားသိရတော့
ကြည်ဖြူ အိမ်ထဲမှာမနေသာတော့၍ အိမ်ပြင်ထွက်မည်ပြုမည်ကြံတော့ အမေက ခေါ်ကာ

"ကြည်ဖြူ ဘယ်သွားမလို့လဲ အိမ်ထဲပြန်ဝင်"

"အမေ အပြင်ဖက်မှာ အခြေအနေဘယ်လိုရှိလဲဆိုတာ ကြည်ဖြူသွားကြည့်ချင်လို့"

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now