အပိုင်း (၂၂)

3.2K 139 6
                                    

Unicode
~~~~~~

ငြိမ်းမောင် စာသင်နေရင်းနဲ့ပင် ကြည်ဖြူမတော်တဆဖြစ်၍ ဆေးရုံရောက်နေသည်ဟု သိရသည်နှင့်တပြိုင်နက် ဆေးရုံ သို့ ချက်ချင်းပြေးသွားလေ၏။အရေးပေါ်ခန်းရောက်တော့ ဒေါ်ပုနှင့်ဦးထွန်းကိုထွေ့လိုက်ရသည်။

"ဒေါ်ပု ဘယ်လိုဖြစ်ရတာလဲဗျာ"

"ဟို အတာလေးက ဆရာတင်ထားတဲ့ အုံးထန်းလျက်ကို စားချင်တယ်ဆိုလို့ ဆရာကတော်က ခုံခုရင်းယူပေးတော့ ခြေချော်သွားတာပါဆရာ"

ဘာမဟုတ်တာလေးနဲ့ မတော်တဆ ဖြစ်သွားတော့ ငြိမ်းမောင် စိတ်တွေတိုမိသည်။

"မမမိထွေး မေမေရောဟင် "

"ဘာဖြစ်လို့လဲ ရန်ငြိမ်းမောင်လေးရဲ့ "

"သားသား အုန်းထန်းလျက်ပြားစားချင်လို့"

လာပြန်ပြီ အုန်းထန်းလျက် အဲ့တာကြောင့် ပြသနာဖြစ်သွားတာကို မိထွေးစိတ်ညစ်သော်လည်း ယူပေးလိုက်သည်။

"ရော့ အတာလေးကိုလည်း ကျွေးလိုက်ဦး တစ်ယောက် နှစ်ပြားနော်"

"ဟုတ် မမမိထွေး ညီညီလေးတို့ရော မပါဘူးလား"

"ညီညီလေးတို့ကငယ်သေးတယ် ကျွေးလို့မရသေးဘူး"

"ဟုတ် ဒါဆို သားသား အတာ့ကိုကျွေးလိုက်မယ်"

ရန်ငြိမ်းမောင် မိထွေးကိုပြောကာ ထွက်လာလေ၏။

အတာ အခန်းထဲတွင် တစ်ယောက်တည်းကစားနေ၏။ သူ့ကြောင့် မေမေချော်လဲသွားတဲ့အတွက် သူအုန်းထန်းလျက်မစားကို မစားချင်တော့ပေ။

"အတာ အင့် အုန်းထန်းလျက်နှစ်ပြားယူ"

"သားမစားတော့ဘူး ကိုကြီး"

"ဟုတ်လား ဒါဆိုကိုကြီးစားလိုက်မယ်"

"ရတယ်ကိုကြီး"

အတာငြိမ်းမောင် သူ့အစ်ကို ပျော်နေတာကြည့်ပြီးပြုံးကာ သူ့ဘာသာဆက်ကစားနေတော့သည်။

ကလစ်

"ကျွန်တော့် အမျိုးသမီး ဘယ်လိုနေလဲ ကလေးရောဘာမှမဖြစ်ဘူးမလား"

အရေးပေါ်ခန်းမှ တံခါးပွင့်လာတော့ ငြိမ်းမောင် မေးလိုက်သည်။

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now