အပိုင်း (၅)

5K 155 0
                                    

Unicode
~~~~~

ကိုငြိမ်းမောင်တစ်ယောက် ဘယ်လောက်တောင်သောက်ထားလဲမသိ ကျွတ်ထိုးနေလိုက်တာများ အမူးသမားတွေဆို အမြင်ကိုကပ်တယ် ကြည်ဖြူစိတ်တောင်ညစ်ချင်သွားသည်။

"ကြည်ဖြူအခုတင် အိပ်မလို့ပြင်တာပါ ကိုငြိမ်းမောင် ရေချိုးဦးမလား"

"အင်း ကိုယ်ရေချိုးဦးမယ် အေ့ ဘယ်လိုဖြစ်လို့ အဲ့လောက်ကျွတ်ထိုးနေတာလဲမသိဘူး"

ကိုငြိမ်းမောင် ရီဝေဝေဖြစ်သူ့ကိုယ်သူပြောလိုက်တော့ ကြည်ဖြူစိတ်မရှည်နိုင်တော့ပါ။

"ကျွတ်ထိုးမှာပေါ့ ရှင်က လူလိုမှ သောက်မလာတာ ဆရာဝန်ဆိုတဲ့ ဂုဏ်သိက္ခာကိုယ့်ဂုဏ်သိက္ခာကိုလည်းမထောက် ရေချိုးမှသာ အမြန်သွားချိုးတော့"

"ဒါလေးပြောတာကို အေ့ အခုသွားမယ် အင်္ကျီနဲ့ပုဆိုး ထုတ်ထားပေး"

သူ့အား အသံစွာစွာဖြင့် ပထမဆုံး ပြောလာသော ကြည်ဖြူကို အချိန်ကြာမြင့်စွာ ပြန်မပြောနိုင်ဘဲ ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။

ငြိမ်းမောင် ရေချိုးပြီးထွက်လာရာ ကုတင်ကို ကြည့်လိုက်တော့ သူ၏ချစ်လှစွာသော ဇနီးငယ်လေးက အိပ်ပျော်နေပြီဖြစ်သည်။

အိပ်ပျော်နေသော ဇနီးချောလေး၏မျက်နှာကို အချိန်အတော်ကြာကြည့်ကာ နှုတ်ခမ်းဖူးကလေးက နမ်းချင်စရာဖြစ်နေလို့ သူတစ်ချက်နမ်းလိုက်သည်။ ထိုနောက်သူသက်ပြင်းတစ်ချက်ချလိုက်ကာ

'ဟူး စိတ်ထိန်းငြိမ်းမောင် စိတ်ထိန်း'

ငြိမ်းမောင် ကြည်ဖြူ့ဘေးဝင်လှဲနေလိုက်သည်။အရက်သောက်ထားသောသူသည် အိပ်မပျော်တော့၍ အတွေးနယ်ချဲ့နေပါတော့သည်။

ကြည်ဖြူညသန်းခေါင် တရေးနိုးထသောအခါ အိပ်ရာဘေးလှဲကာ မျက်လုံးဖွင့်ထားသော ကိုငြမ်းမောင်အား တွေ့လိုက်ရသည်။သူကလည်း ကြည်ဖြူ လှုပ်လာတာကို သတိထားမိတော့ ကြည်ဖြူ့ကို ကြည့်ကာ

"ကိုယ့်ကြောင့်နိုးသွားတာလားကြည်ဖြူ"

"မဟုတ်ပါဘူး ကိုငြိမ်းမောင် မအိပ်သေးဘူးလား မူးနေတာကို"

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now