အပိုင်း (၄)

5K 157 2
                                    

Unicode
~~~~~~

ကြည်ဖြူ အမေ၏ ပြောစကားကြောင့် လန့်သွားရသည်။

"မဖြစ်နိုင်ဘူး အမေ"

"ဘာကိုမဖြစ်နိုင်ရမှာလဲ ညည်းတို့အကြောင်း တစ်ရွာလုံးပျံ့နေပြီ မိဘကို မျက်နှာပြစရာမရှိအောင်မလုပ်နဲ့"

ကြည်ဖြူပြန်ပြောတော့ အမေက အသံခပ်မာမာဖြင့်ပြောပြန်သည်။ကိုငြိမ်းမောင်ကို ကြည့်တော့လည်း စိတ်ရှုပ်နေသောမျက်နှာဖြစ်နေသည်ကို တွေ့ရသည်။

"ဒီကဆရာငြိမ်းမောင် ဒေါ်ဒေါ် သမီးရှင်အနေနဲ့ တောင်းဆိုပါရစေ  လူငယ်ချင်း မေတ္တာမျှကြတာ ဒေါ်ဒေါ်နားလည်တယ် ဆရာ မပြန်ခင် ကြည်ဖြူကို လူသိရှင်ကြားလက်ထပ်ပေးပါ "

"ဒေါ်ဒေါ်ပြောတာကို ကျွန်တော်နားလည်ပါတယ် အရင်ဆုံးအထင်လွဲနေကြတာကို ရှင်းပြပါရစေ အမှန်တော့ ကျွန်တော်တို့နှစ်ယောက်စလုံးက သရဲတွေ့လို့မေ့လဲသွားတာပါ ကြည်ဖြူအရင်မေ့လဲပီးမှကျွန်တော်ပါ မေ့လဲသွားတာပါ ဒါကို ရှက်ရှက်နဲ့ပဲဝန်ခံပါရစေ"

'သူပါလန့်ပြီးမေ့သွားတာလား ယောင်္ကျားဖြစ်ပြီး သရဲကြောက်ရတယ်လို့'

ကြည်ဖြူတို့ပုံကလည်း လူအထင်လွဲစရာဖြစ်နေတာကိုး။ ဒီအတွက်နဲ့ လက်ထပ်ရမှာကို လက်မခံချင်သော်လည်း အဖေက ရွာ၏သူကြီးဖြစ်နေတော့ ဂုဏ်သိက္ခာအတွက် ကြည်ဖြူမငြင်းနိုင်တော့ပါ။ ကိုငြိမ်းမောင် လက်ခံရင်တော့ ကြည်ဖြူလက်ထပ်လိုက်မည်ဖြစ်သည်။

"ကျွန်တော် ကြည်ဖြူမိုးကို လက်ထပ်ပါ့မယ် ပြီးရင် ကျွန်တော့်အိမ်မှာ ပဲနေမှာပါ"

သက်ပြင်းချာကာ ပြောနေသော ကိုငြိမ်းမောင်ကြောင့် ကြည်ဖြူအားနာသွားရသည်။ သူမသာလှည့်မခေါ်ရင် သူပါမေ့လဲမည်မဟုတ်။

ငြိမ်းမောင်တစ်ယောက် အပြင်က စိတ်ရှုပ်နေဟန် နေသော်လည်း အတွင်းစိတ်မှာမူကား အကွက်ချထားတာနှင့်ကွက်တိကျနေသောကြောင့် ပျော်မြူးနေပါသည်။ ကြည်ဖြူ၏ မရွှင်မပျပုံကို သနားသော်လည်း သူကတော့ ပျော်နေပါသည် သူမလေးအားခေါ်သွားရတော့မည်။

"ကြည်ဖြူဘယ်လိုသဘောရလဲ "

"ကြည်ဖြူလိုက်နေပါ့မယ်ကိုငြိမ်းမောင်"

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now