အပိုင်း (၇)

4.7K 162 1
                                    

Unicode
~~~~~~~

"ကိုမိုးကျော် တော့်သမီးက ဖုန်းမဆက်တာ တစ်ပတ်လောက်ကြာနေပြီ အဆင်ရောပြေရဲ့လားမသိဘူး "

"မင်းကလည်း သမီးကမအားသေးလို့နေမှာပေါ့ အဆက်ဖြတ်ထားတာမှမဟုတ်တာ"

"မသိပါဘူးတော် သမီးများအဆင်မပြေဘူးလားလို့ ယောက္ခမတွေဆီမှာ အနှိမ်ခံရရင် ဘယ္လိုလုပ္မလဲ ကျူပ်တို့ကသမီးရှင်ရှင့်"

ဒေါ်ခင်ရီက အိမ်ရှေ့တွင်လက်ဖက်ရည်သောက်နေသော သူကြီးဦးမိုးကျော်အား သမီးဖြစ်သူအကြောင်းကို ပြောဆိုနေလေသည်။

"မင်းဒီလောက်ဖြစ်နေရင် သမီးဆီဖုန်းခေါ်ပေးမယ် ငါက သမီးရဲ့ယောက္ခမတွေဆီမှာ နေရခက်မှာဆိုးလို့ မခေါ်ပဲနေနေတာ"

ဦးမိုးကျော်က ပြောလည်းပြော အိမ်ထဲလည်းဝင်ကာ အခန်းထဲသို့ဝင်ရင်း စာရွက်တစ်ရွက်ယူလာပြီး Phoneထားသောနေရာသို့လျှောက်ကာ စာရွက်ထဲမှနံပါတ်အားနှိပ်ကာ ဖုန်းခေါ်လိုက်သည်။

"ကြည်ဖြူ အဆင်ပြေရဲ့လား ကိုယ့်ကို တံခါးဖွင့်ပေးပါဦး "

"ခဏစောင့်ဦး ကိုငြိမ်းမောင်ရယ် အော့ အော့....."

မနက်စာစားနေကြရင်း ကြည်ဖြူ ပျို့တက်ကာ အခန်းထဲပြေးပြီး ဝင်အန်နေလို့ သူ့မှာစိုးရိမ်နေရသည်။ တအောင့်ကြာမှာတော့ ကြည်ဖြူကတံခါးဖွင့်ပေးလာသည်။

"ကြည်ဖြူ သက်သာလားဟင် ခုနကမတိုင်ခင် ဘာတွေစားထားသေးလဲ ခေါင်းရောမူးသေးလား ဓမ္မတာလာချိန်ရောမှန်လား"

"ကြည်ဖြူမစားထားပါဘူး ခေါင်းလဲမမူးဘူး အယ် ဓမ္မတာလာချိန်ကတော့ နောက်ကျနေပြီထင်တယ်"

ကိုငြိမ်းမောင် ဟာ ဆရာဝန်ပြီသစွာ စစ်ဆေးမေးမြန်းလေရဲ့။

"ကိုယ်ရိပ်မိသလိုများဖြစ်နေပြီလားမသိဘူး ထိုင်ပါဦးကြည်ဖြူရယ် "

"ဘာဖြစ်လို့လဲ"

ကိုငြိမ်းမောင်က ကုတင်ပေါ်ထိုင်ခိုင်းကာ ကြည်ဖြူလက်ကိုစမ်းသပ်နေသောကြောင့် မေးလိုက်သည်။

"ကြည်ဖြူ မင်းကိုယ်ဝန်ရှိနေပြီ"

"ရှင် တကယ်လားကိုငြိမ်းမောင်"

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now