Extra ၁

2.9K 119 1
                                    

Unicode
~~~~~~

ရပ်တန့်လို့မရတဲ့အထဲမှာ အချိန်ကထိပ်ဆုံးကပါနေပါသည်။ အခုလည်း အချိန်တွေကုန်ဆုံးလာသည်မှာ သမီးငယ်ဒေစီငြိမ်းမောင်တောင် အသက် ၂၀ ပင်ရှိပြီဖြစ်သည်။ လာမယ့်၅ရက်နေရင် ဇီးဖြူကုန်းရွာ မှာ သားကြီး ရန်ငြိမ်းမောင်ရဲ့ လက်ထပ်ပွဲရှိလို့ ကြည်ဖြူက လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရသည်။ သားကြီးက ဖအေဖြစ်သူလို ဆရာဝန်မဟုတ်ဘဲ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါသည်။

နေ့လည်စာစားချိန်ရောက်နေပြီ ဖြစ်သောကြောင့် ကိုငြိမ်းမောင်တို့သားအဖတွေအတွက် ပြင်ဆင်ပေးရတော့မည်ဖြစ်သည်။ကြည်ဖြူ့ တစ်ယောက်တည်းအလုပ်ရှုပ်နေသော်လည်း အိမ်ရှေ့ဧည့်ခန်းတွင်တော့ ငြိမ်းမောင်မျိုးနွယ်တွေက စကားများသံများငြင်းခုံသံများဖြင့် ပြည့်နက်နေပါသည်။

"ဖေဖေသမီးကို ပြောထားတယ် ရည်းစားမထားရသေးဘူးနော်"

"ဟာ ဖေဖေကလည်း ဒေစီ့အသက်က ၂၀ ရှိနေပြီ ဒီအချိန်မှ ရည်းစားမထားရင် ဘယ်အချိန်ထားရမှာလဲလို့ ကိုလေးအတာ ဒေစီ့ကို ကူပြောပေးဦး"

ထိုအခါ စာအုပ်နဲ့မျက်နှာအပ်ထားသော အတာငြိမ်းမောင်က ပြုံးလျက်

"ကိုလေးက ဘယ်လိုပြောပေးရမှာလဲ ညီမလေးရဲ့"

"ဘယ်သူမှ လိုက်မပြောခိုင်းနဲ့ဒေစီ သမီး၂၅နှစ်ရောက်မှ ရည်းစားထား အခုကငယ်သေးတယ်"

"ဖေဖေကလဲ"

"ဖေဖေကမလဲဘူး"

ဒေစီ ဖေဖေ့ကိုကြည့်ကာ ရယ်မိသည်။ အစ်ကို၄ယောက်ကို သမီးရည်းစားကိစ္စဘာမှမပြောသော်လည်း ဒေစီကတော့မရ၊ အသက်ကန့်သတ်ထားသည်။ ရည်းစားကိစ္စဘာညာ စိတ်မဝင်စားပေမယ့် ဖေဖေ့ကို ထိုကိစ္စနှင့်စရတာ အရမ်းပျော်ဖို့ကောင်းပါသည်။

"သမီးငယ်ရေ ထမင်းပွဲ ပြင်ဖို့ မေမေ့ကိုကူပါဦး!"

"ဟုတ် လာပြီမေ ဟွန့်"

အမေခေါ်တော့ သူ့ကို ဟွန့်လုပ်ကာ ထွက်သွားသော သမီးကို ငြိမ်းမောင် သဘောကျစွာရယ်နေလိုက်သည်။ထို့နောက် အတာ့ကိုကြည့်ကာ

"သားလေး အာကာနဲ့အဏ္ဏဝါတို့ကို သွားခေါ်လိုက်ဦး ဖေဖေတို့ ထမင်းစားမယ်လို့"

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now