အပိုင်း (၁၉)

3K 134 0
                                    

Unicode
~~~~~~

"သမီးလေးက ဝင့်ဝါနဲ့တစ်ပုံစံထဲ"

"ဒါနဲ့ကိုကျော့မြိုင် ကြည်ဖြူဗိုက်က အမြွှာတဲ့သိလား အရမ်းကံကောင်းတာပဲ"

"အမြွှာလား ကောင်းတာပေါ့ ကိုယ်တို့လည်းမွေးရအောင်"

"ဟင်"

သမီးအကြောင်းပြောရာကနေ အမြွှာအကြောင်းရောက်သွားသော ဝင့်ဝါတို့ပါလေ။

ငြိမ်းမောင် တစ်ယောက် မိန်းမဖြစ်သူဆီက စာကိုဖတ်ပြီး ကလေးက အမြွှာဆိုသောကြောင့် ပျော်ရွှင်နေပါသည်။ အိမ်ကိုလည်း အမြန်ပြန်ချင်လှပြီဖြစ်သည်။

အခုတော့ သူ၏ အစ်မဖြစ်သူထံအလည်သွားရဦးမည်ဖြစ်သည်။မမရင်ငြိမ်းအေးကလည်း ဆရာဝန်ဖြစ်သည် သူမရဲ့ခင်ပွန်းက ဂျာမန်လူမျိုးဖြစ်ပြီး ဆရာဝန်တစ်ယောက်ဖြစ်သည်။ သူမတို့မိသားစုက ဒီနိုင်ငံမှာပဲနေထိုင်ကြ၏။

"မမ ကျွန်တော်ရောက်ပြီ"

"ငြိမ်းမောင် လာလေ သမီးလေးရေ ဦးဦးလာတယ် ထွက်ခဲ့ပါဦး"

မမဧည့်ခန်းသို့ ဝင်ထိုင်လိုက်သည်။ထို့နောက် မတွေ့ရတာကြာပြီဖြစ်တဲ့ မိသားစုဝင်တွေနဲ့စကားတွေပြောဖြစ်ကြသည်။

"မောင်လေးပြန်ခါနီးထပ်လာခဲ့ အဖေတို့အမေတို့အတွက်လက်ဆောင်ပို့ပေးလိုက်မယ် ဘယ်တော့မြန်မာပြည်ပြန်မှာလဲ"

"ကျွန်တော် ကတစ်နှစ်ကျော်လောက်မှပြန်ရမှာ ကြာဦးမယ်"

"အေးပါကွယ်"

"အချိန်လင့်ပြီဆိုတော့ ကျွန်တော်ပြန်ရတော့မယ်မမ"

"ရည်မှန်းချက်တွေ အမြန်ဆုံး ပြည့်ဝပါစေ မောင်လေးရယ်"

"ကျေးဇူးပဲ မမ"

ထို့နောက် သူ၏နေရာသို့ပြန်လာခဲ့လိုက်သည်။

====

"ရန်ငြိမ်းမောင် သားရေ မေမေ့ရဲ့ ရှူဆေးလေးယူပေးပါဦးကွယ် အဲ့ခုံပေါ်မှာ"

"မေမေ အင့်"

"ကျေးဇူးပါ သားရေ"

ကြည်ဖြူ သားကြီးကိုပြောလိုက်တော့ သားက ကစားရာမှာ ထကာ ရှူဆေးယူပေးသည်။

သံယောဇဥ်မိုးများ ရွာသောအခါWhere stories live. Discover now